နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒယ်လ်တာမျိုးကွဲနှင့်ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့သတိပေးစဉ် တရုတ်တွင် ကူးစက်မှုမြင့်မားလာ

ဂျနီဗာ   ဩဂုတ်   ၂


လွန်စွာကူးစက်လွယ်သည့် ဒယ်လ် တာမျိုးကွဲ      ကူးစက်မှုများကြောင့် တရုတ်နှင့် သြစတြေးလျနိုင်ငံများက ပိုမိုတင်းကျပ်သည့် Covid-19 ကန့်သတ် ချက်များကိုချမှတ်လိုက်စဉ်  ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထိုမျိုးကွဲကို ပိုမို ဆိုးရွားသည့် မျိုးကွဲနောက်တစ်ခုအဖြစ် မပြောင်းမီ     အမြန်ဆုံးထိန်းချုပ်ရန် တိုက်တွန်းလိုက်သည်။ လပေါင်းများစွာ အတွင်း တရုတ်နိုင်ငံတွင် အဆိုးရွားဆုံး ကူးစက်မှုအဖြစ် ဖူကျင်းပြည်နယ်နှင့် ချုံကင်းမြို့တော်တို့တွင်  နောက်ထပ် ကူးစက်သည့်နေရာ ၂ ခု ဖြစ်လာခဲ့သည်။ 


နန်ကျင်းတွင်ဖြစ်ပွားသော ကူးစက် မှုတွင် လူ ၂၀ဝ ကျော် ဒယ်လ်တာမျိုးကွဲ ကူးစက်ခံခဲ့ရကာ ထိုမြို့ရှိ နိုင်ငံတကာ လေဆိပ်သန့်ရှင်းရေးဝန်ထမ်း ၉ ဦး တွင်လည်း ကူးစက်ခံခဲ့ရသည်။ အခြား ကူးစက်သောနေရာများတွင် ဘေကျင်း၊ ချုံကင်းနှင့် ပြည်နယ် ၅ ခု ပါဝင်သည်။ တရုတ်နိုင်ငံသည် လူ ၁ သန်းကျော်ကို လော့ခ်ဒေါင်းချပြီး    အကြီးအကျယ် ရောဂါရှာဖွေမှုများပြုလုပ်နေသည်။ ကမ္ဘာတဝှမ်းကူးစက်မှု ပြန်လည်မြင့်မား နေပြီး    ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားသည့်    နယ်ပယ် ၆ ခု အနက် ၅ ခုတွင် လွန်ခဲ့သော ၄ ပတ် အတွင်း ကူးစက်မှု ၈၀ ရာခိုင်နှုန်းတိုးလာ ကြောင်း သိရသည်။ 


ဒယ်လ်တာမျိုးကွဲ ကူးစက်မှုသစ်  ၆ ခုတွေ့ပြီးနောက်  လူဦးရေ၏ ၁၄ ရာခိုင်နှုန်းကို   ကာကွယ်ဆေးထိုးပြီးသော  သြစတြေးလျမှ တတိယအကြီးဆုံးမြို့ ဖြစ်သော  ဘရစ်စဘိန်းနှင့် ကွင်းစလန် ပြည်နယ်အစိတ်အပိုင်းများတွင် လော့ခ် ဒေါင်းချထားခဲ့သည်။ 


ရဲခေါင် (ref;Reuters)






အခြားဆက်စပ်သတင်းများ