နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်နိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံးဝင်း တိုက်ခိုက်ခံရ

ကဘူးလ်   ဩဂုတ်   ၂


အာဖဂန်နစ္စတန်နိုင်ငံ  Herat  မြို့က ကုလသမဂ္ဂရုံးဝင်းထဲသို့  ဒုံးကျည်များ၊ သေနတ်များနှင့် ပစ်ခတ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာ ရသူများလည်းရှိခဲ့ကြောင်း     ကုလ သမဂ္ဂကပြောသည်။    ကုလသမဂ္ဂရုံး အဆောက်အဦးအဖြစ် အမှတ်အသား အထင်အရှားရှိနေသည့် အဆောက်အဦး ၏ အဝင်ဝကို အစိုးရဆန့်ကျင်သူများ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ 


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အာဖဂနစ္စတန်နိုင်ငံအခြေစိုက် ကုလ သမဂ္ဂအကူအညီပေးရေးလုပ်ငန်း တာဝန်ခံ Deborah Lyons ကမူ  ဝမ်းနည်း စရာလုပ်ရပ်အဖြစ် အပြင်းအထန်ရှုတ် ချထားသည်။ တာလီဘန်အဖွဲ့၏ ပြော ရေးဆိုခွင့်ရှိသူ Zabiullah Mujahid ကမူ Herat မြို့ရှိ ကုလသမဂ္ဂရုံးအတွက် အန္တရာယ်ရှိသည့် ခြိမ်းခြောက်မှုတစ်စုံ တစ်ရာမရှိခဲ့ကြောင်း  Twitter   က တစ်ဆင့်ကြေညာထားသည်။ 

မျိုးဝင်း(ref; BBC)






အခြားဆက်စပ်သတင်းများ