ဆိုးလ် ဩဂုတ် ၂
တောင်ကိုရီးယားနိုင်ငံနှင့် မြောက် ကိုရီးယားနိုင်ငံ(DPRK)တို့သည် တစ်နှစ် ကျော်ကြာ ပြတ်တောက်ခဲ့ရသည့် ယင်း တို့၏ နယ်စပ်ဖြတ်ကျော်ဆက်သွယ်ရေး လိုင်းများအား ပြန်လည်ထူထောင်ခဲ့ ကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတ အိမ်ပြာတော်က ပြောကြားလိုက်သည်။ ကိုရီးယားနှစ်နိုင်ငံက ယင်းတို့၏ တိုက်ရိုက်ဆက်သွယ်ရေးအတွက် အရေး ပေါ်ဖုန်းလိုင်းများကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၁: ၀၀) တွင် ပြန်လည်စတင်ရန်ဆုံးဖြတ် ခဲ့ကြောင်း အိမ်ပြာတော်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံထဲသို့ မြောက် ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်ချိရေး စာစောင်များပို့လွှတ်ခြင်း ပြုလုပ်နေသည့် တက်ကြွလှုပ်ရှားသူများကို ရပ်တန့်ရန် တောင်ကိုရီးယား၏ ပျက်ကွက်မှုအပေါ် ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မြောက်ကိုရီးယားနိုင်ငံက ဆက်သွယ် ရေးလိုင်းများအားလုံးကို ဖြတ်တောက် ခဲ့ရာ ကိုရီးယားနှစ်နိုင်ငံအကြား ဆက် သွယ်ရေးလိုင်းများအားလုံးသည် ပြီးခဲ့ သည့်နှစ်ဇွန်လမှစ၍ ပြတ်တောက်သွား ခဲ့ သည်။
တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းနှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းတို့ သည် ဧပြီလကတည်းက အကြိမ်ပေါင်း များစွာ ပုဂ္ဂိုလ်ရေးစာပေးပို့မှုများ အပြန်အလှန်ပြုလုပ်ခဲ့ကာ ကိုရီးယား နှစ်နိုင်ငံအကြား ဆက်သွယ်ရေးဖုန်း လိုင်းများ ပြန်လည်ထူထောင်ရေး ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မွန်ဂျေအင်းနှင့် ကင်ဂျုံအန်းတို့သည် ပြတ်တောက်နေသည့် ကိုရီးယား နှစ်နိုင်ငံအကြား ဆက်သွယ်ရေးလိုင်း များအား ပြန်လည်ထူထောင်ရန်ပထမ ဦးစွာသဘောတူခဲ့ကြကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
မျိုးဝင်း (ref; BBC)