နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြင်းခြံမြို့နယ် ပစ်ခတ်သတ်ခဲ့သူများနှင့်ပတ်သက်ဆက်နွယ်သည့် တရားခံများ လက်ပစ်ဗုံးများ၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ရန်ကုန်၊  သြဂုတ် ၁ 


ဇူလိုင် ၃၀ ရက်တွင် မန္တလေး တိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အမှတ် (၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ သရဝဏ်ခန်းမရှေ့သို့ အမျိုးသား ၂ ဦး မှ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာ ပြီး လက်လုပ်ဗုံးတစ်လုံး ပစ်ပေါက် ထွက်ပြေးသွားကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ လိုက်လံဖမ်းဆီး ခဲ့ရာ   မြင်းခြံ-ညောင်ဦး ကားလမ်း ရွာစည်ကျေးရွာလမ်းဆုံ၌ တရားခံ မင်းမင်းလှိုင် ၂၂ နှစ်နှင့် ကျော်ရဲခန့် (ခ) ဘယ်ကျော်  ၂၁ နှစ်တို့ကို ဖမ်းဆီး ရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံ မင်းမင်းလှိုင်နှင့် ကျော်ရဲခန့်တို့၏ ထွက်ဆိုချက်အရ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်သူ  ဖြိုးဇော်ဦး (ခ) ဖြိုးဇော်   ၂၀ နှစ်ကို တောင်သာမြို့နယ်၊ ဖက်တော ကျေးရွာအနီး ရှင်ပင်ဒေါနဲ မိုးကောင်းကျောင်းအတွင်း၌ ၉ မမ ကျည် ၇၂ တောင့်၊ ပလတ်စတစ်လက်ပစ် ဗုံး ၁ လုံး၊ BA - ၉၁ လက်ပစ်ဗုံး ၁ လုံး၊ Shark အချိုရည်ဘူးခွံဖြင့်  ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးနှင့်အတူ  ဖမ်းဆီး ရမိခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက် အရ ဆက်စပ် တရားခံ ရှိုင်းထက်(ခ)ငရှိုင်း ၂၃နှစ်အား မြင်းခြံ မြို့နယ်၊ ဆားခါးကျေးရွာအနီး၌ ထပ်မံဖမ်းဆီး ရမိခဲ့သည်။ 


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆို ချက်အရ ယင်းတို့သည် မြင်းခြံမြို့နယ် အတွင်း တရားမဝင်ဖွဲ့စည်းထားသော ZERO NINE အကြမ်းဖက်အဖွဲ့တွင် ပါဝင် သူများဖြစ်ပြီး ယင်းအဖွဲ့တွင် အဖွဲ့ဝင် ၁၇ ဦးခန့်ရှိကြောင်း၊ အဆိုပါအဖွဲ့ကို မြင်းခြံမြို့၊ ကိုးဆောင်ကျောင်းတိုက်မှ ဉူးဇင်းပန် (ဖမ်းဆီးရန်ကျန်) နှင့် ဆုမြတ်လင်း (ဖမ်းဆီးရန်ကျန်)တို့မှ ဦးဆောင်လျက်ရှိကြောင်း၊ ၎င်းအဖွဲ့ဝင် များသည် မြင်းခြံမြို့နယ်အတွင်းဖောက် ခွဲဖျက်ဆီးရေးနှင့် အပြစ်မဲ့ပြည်သူများ ကို လုပ်ကြံသတ်ဖြတ်မှုများ ဆောင်ရွက် နေသည့်အဖွဲ့ဖြစ်ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ