နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးက ဂရီးလစ်အတွက် စံချိန်တင် ပေါင်သန်း ၁၀၀ ဖြင့် ကမ်းလှမ်း

 ဩဂုတ် ၁


မန်စီးတီးအသင်းဟာ ဂျက်ဂရီး လစ်ကို ပေါင်သန်း၁၀၀နဲ့ ကမ်းလှမ်း လိုက်ပြီး ဂွါဒီယိုလာဟာ ပရီးမီးယားလိဂ် ရဲ့ တန်ဖိုးအမြင့်မားဆုံး အပြောင်းအရွှေ့ ကို အပြီးသတ်ဖို့ မျှော်လင့်နေတယ်လို့ The Telegraph သတင်းဌာနအရ သိရ ပါတယ်။ 


ဂရီးလစ်က ပက်ဂွါဒီယိုလာရဲ့ ယခုနွေရာသီ အဓိက အပြောင်းအရွှေ့ ပစ်မှတ်ဖြစ်ပြီး ယခင် ပရီးမီးယားလိဂ် စံချိန်ရှင် ပေါလ်ပေါ့ဘာရဲ့ ပေါင် ၈၉ သန်းထက် မြင့်မားတဲ့ ပမာဏနဲ့ ကမ်းလှမ်းလိုက်တာ  ဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အင်္ဂလန်အသင်းနဲ့အတူ ယူရို - ၂၀၂၀ ကစားခဲ့ပြီးနောက်  အားလပ်ရက် အနားယူလျက်ရှိပြီး လာမယ့်အပတ် တနင်္လာနေ့မှာ ဗီလာအသင်းနဲ့ စတင် ပူးပေါင်းဖို့ ရှိနေပါတယ်။ 


ဒါပေမယ့်  မန်စီးတီးကလည်း ရက်ပိုင်းအတွင်းမှာ သဘောတူညီမှု ရရှိဖို့ မျှော်လင့်နေပါတယ်။ ဗီလာ အသင်းကလည်း ဂရီးလစ်ကိုတစ်ပတ် လုပ်ခ ပေါင် ၁၂၅၀၀၀ တန် စာချုပ် သစ် ကမ်းလှမ်းထားပါတယ်။ စီးတီး က တော့တင်ဟမ်းတိုက်စစ်မှူး ဟာရီ ကိန်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဂရီးလစ်က နံပါတ်          ( ၁ ) ပစ်မှတ်အဖြစ် ရှိနေခဲ့တာ တွေ့ရ ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ