နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆင်နယ်အသင်းက ခေါ်ယူချင်နေတဲ့ အိုဒီဂတ်ကို ရီးရဲလ်မက်ဒရစ်က ပေါင် ၄၂ သန်းခွဲရရင် ရောင်းချမည်

 ဩဂုတ် ၁


ပြီးခဲ့တဲ့ရာသီက အာဆင်နယ် အသင်းမှာ အငှားနဲ့လာကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အာဆင်နယ် က ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ ကွင်း လယ်လူ အိုဒီဂတ်ကို ပေါင် ၄၂ သန်းခွဲ ရရင် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ရောင်းချတော့မှာဖြစ်ကြောင်း သိရ ပါတယ်။ 


ရီးရဲလ်မက်ဒရစ်အနေနဲ့ အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ အိုဒီဂတ်ကို အသင်းမှာ ဆက်ရှိဖို့အတွက် အလိုရှိခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် မိုဒရစ်နဲ့ တိုနီခရူးစ်တို့ကြောင့် ပုံမှန်ပွဲထွက်ခွင့် မပေးနိုင်တာကြောင့် အသင်းပြောင်းရွှေ့ ခွင့်ကို ခွင့်ပြုခဲ့တာလို့လည်း သတင်းတွေ က ရေးသားဖော်ပြခဲ့ပါတယ်။


ကိုဗစ်ကြောင့် အသင်းတိုင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေနဲ့ ရင်ဆိုင် နေရပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ အိုဒီဂတ်ကို ထပ်မံအငှားချတော့မှာ မဟုတ်ဘဲ အပြီးသတ်ရောင်းချဖို့အတွက် သာ ပိုပြီးအလိုရှိနေတယ်လို့လည်း သိရပါတယ်။


အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ရာသီကြိုခြေစမ်းပွဲဖြစ်တဲ့ ရိန်းဂျားစ်ကို  ရှုံးတဲ့ပွဲမှာ အသင်းရဲ့ကွင်းလယ်မှာ ကစားခွင့်ရရှိခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ တာကြောင့် အသင်းမှာ နေရာရဖို့မလွယ် ဘူးလို့လည်း စပိန်သတင်းစာတွေက ရေးသားဖော်ပြခဲ့တယ်လို့ သိရပါတယ်။

(သူရိန်)






အခြားဆက်စပ်သတင်းများ