နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟာသာဘာလင်နဲ့ ခြေစမ်းပွဲမှာ ဒူးထောက်အရှုံးပေးခဲ့ရတဲ့ ဗန်ဒိုက်

 ဩဂုတ် ၁


ဗာဂျယ် ဗန်ဒိုက်ဟာ ကြာသပတေး နေ့က ၂၈၅ ရက်အတွင်း ပထမဆုံးအကြိမ် လီဗာပူးအသင်းအတွက်   ပြန်လည် ကစားပေးခဲ့ပါတယ်။


နယ်သာလန်နောက်ခံလူက ပြီးခဲ့တဲ့ အောက်တိုဘာလ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ အရွတ်ပျက်စီးတဲ့ ဒဏ်ရာရရှိ ခဲ့ကာ အဆိုပါပွဲစဉ်ပြီးကတည်း ဘောလုံးကစားနိုင်ခြင်းမရှိပဲ ဟာသာ ဘာလင်အသင်းနဲ့  ခြေစမ်းပွဲစဉ်မှာ အရန်ကစားသမားအနေနဲ့ ပြန်လည် ပါဝင်လာတာဖြစ်ပါတယ်။ 


ဗန်ဒိုက်က လီဗာပူးအသင်း ( ၃-၂ ) ရှုံးနိမ့်နေချိန် ပွဲပြီးဆုံးဖို့ မိနစ် ၂၀ အလိုမှာ လူစားဝင်  ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပထမဆုံးပွဲစဉ် ပွဲကစား ချိန် မိနစ် ၈၀ မှာ စတီဗင် ဂျိုဗီတစ်က လီဗာပူးရဲ့ ဂိုးဘက်ကိုဘောလုံးဆွဲယူ လာစဉ် နောက်ဆုံးခံစစ်ဖြစ်တဲ့ ဒတ်ချ် နောက်ခံလူ ဗန်ဒိုက်ဟာ မြက်ခင်းပေါ် ဒူးထောက်လဲကျ သွားခဲ့ရပါတယ်။ ဟာသာဘာလင် တိုက်စစ်မှူးက ဂိုးသမား အက်ဒရီရန်ကို ဖြတ်ကျော်ပြီး သွင်းဂိုး ရယူနိုင်ခဲ့ပါတယ်။ 


ပွဲပြီးခါနီးမှာ   ချိန်ဘာလိန်က လီဗာပူးအတွက် နောက်ထပ်ခြေပဂိုး သွင်းယူပေးခဲ့ပေမယ့် ၄-၃ ရှုံးနိမ့်သွား ခဲ့ပါတယ်။ ဒါပေမယ့် ကာလရှည်အနား ယူပြီးနောက်မှာ ပုံမှန်ခြေစွမ်း ပြန်လည် ရရှိဖို့ အနည်းငယ်  အချိန်ယူရတာ သဘာဝဖြစ်ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ