နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာနိုးလ်ပြီးနောက် ကစားသမား ၆ ဦးကို သက်တမ်းတိုးဖို့ ပြင်ဆင်နေတဲ့ လီဗာပူး

 ဩဂုတ် ၁

 

လီဗာပူးအသင်းဟာ နောက်ခံလူ ၂၂ နှစ်သား အာနိုးလ်ကို ၂၀၂၅ ခုနှစ်ထိ နှစ်ရှည် စာချုပ်သက်တမ်းတိုးခဲ့ပြီး နောက် လီဗာပူးမှာ လစာအများဆုံးရ ကစားသမားတွေထဲ ပါဝင်လာခဲ့တယ် လို့ သိရပါတယ်။ အဲဒီနောက် အသင်းမှ ကြယ်ပွင့်ကစားသမား ၆ ဦးကို စာချုပ် သစ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့သိရ ပါတယ်။ 


ဒါပေမဲ့ The Athleticရဲ့ အဆိုအရ အားကစားဒါရိုက်တာ မိုက်ကယ်အက်ဒ် ဝေါ့ဟာ အသင်းရှိ ကစားသမား အများ အပြားကို သက်တမ်းတိုးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ လီဗာပူး စာချုပ် သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေတဲ့ ကစားသမားတွေထဲ ဆာလက်နဲ့ မာနေး တို့လို အဓိက ကစားသမားတွေ ပါဝင် ပေမယ့် တိုက်စစ်အတွဲဖြစ်တဲ့ ဖာမီနိုကို  တော့ သက်တမ်းတိုးမယ့်ထဲ ထည့်သွင်း မထားဘူးလို့ သိရပါတယ်။ 


အဆိုပါ ၃ ဦး တိုက်စစ်အတွဲဟာ ယမန်နှစ်ရာသီက စုစုပေါင်း ၄၂ ဂိုးသွင်း ထားခဲ့ပေမဲ့ စာချုပ်သစ် ချုပ်ဆိုရေးမှာ သက်တမ်းကုန်တော့မယ့် ဘရာဇီးသား သက်တမ်းတိုးခွင့် ရဖွယ်မရှိပါဘူး။ လီဗာပူးမှာ စာချုပ်သက်တမ်း တိုးနိုင် တဲ့ ကစားသမားတွေထဲ ဂိုးသမား အလီဆင်၊ နောက်ခံလူ ဗန်ဒိုက်၊ ရောဘတ်ဆန်နဲ့ဖာဘင်ဟိုတို့ ဖြစ်ပေမဲ့ ဟန်ဒါဆန်ကိုလည်း သက်တမ်းတိုး ဖို့ပြုလုပ်နေကြောင်း သတင်းတွေက ဖော်ပြပါတယ်။ အလီဆင်က ၂၀၂၄ ခုနှစ် ထိသက်တမ်းရှိနေပြီး ရောဘတ် ဆန် ကတော့သက်တမ်းအများဆုံးကျန်တဲ့ ကစားသမားဖြစ်ကာ၂၀၂၅ ခုနှစ်ထိ စာချုပ်ကျန်နေပါတယ်။ 

(SO)






အခြားဆက်စပ်သတင်းများ