ဘေကျင်း၊ သြဂုတ် ၁
တရုတ်နိုင်ငံ၏ အာကာသအေဂျင်စီက Chang'e-5 အာကာသယာဉ်မှ ပြန် လည် ယူဆောင်လာသော လမျက်နှာပြင် နမူနာပစ္စည်းများကို ဒုတိယအကြိမ် ထုတ် ပြန်လိုက်ကြောင်း သိရသည်။
သုတေသီများနှင့် အများပြည်သူများအနေဖြင့် အချက်အလက်နှင့်နမူနာများကို လျှောက်ထားနိုင်သော www. clep. org. cn ဝက်ဘ်ဆိုက်မှတစ်ဆင့် လကမ္ဘာနှင့် နက်ရှိုင်းသော အာကာသစူးစမ်းလေ့လာမှု သိပ္ပံပညာရပ်ဆိုင်ရာ အချက်အလက်နှင့် နမူနာပစ္စည်းထုတ်ပြန်ရေးစနစ်ကို ဝင်ရောက်နိုင်ကြောင်း သိရသည်။ လမျက်နှာ ပြင်မှ အလေးချိန် ၁၇ ဂရမ်ခန့်ရှိသော နမူနာပစ္စည်း ပထမအကြိမ်ကို ဇူလိုင် ဒုတိယ ပတ်က အဖွဲ့အစည်း ၁၃ ခုသို့ ပို့ဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၇ ရက် က ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာသော Chang'e-5 အာကာသယာဉ်သည် အဓိက အားဖြင့် လမျက်နှာပြင်မှ ကျောက်တုံးများနှင့် အပေါ်ယံမြေဆီလွှာတို့ ပါဝင်သော နမူနာပစ္စည်း ၁,၇၃၁ ဂရမ် ပြန်လည်ယူဆောင်လာခဲ့ကြောင်း သိရသည်။
မျိုးဝင်း (ref;Xinhua)