နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖဂန်ရှိ စကားပြန်များကို အမေရိကန်သို့ စတင်ရွှေ့ပြောင်း

နယူးယောက်၊  သြဂုတ် ၁ 


အာဖဂန်စစ်ပွဲ နှစ်ပေါင်း ၂၀ ကာလ အတွင်း အမေရိကန် ပြည်ထောင်စု အတွက် လုပ်ကိုင်ပေးနေသည့် အာဖဂန် စကားပြန်များကို အမေရိကန်သို့စတင် ရွှေ့ပြောင်းနေပြီ ဖြစ်ကြောင်း သိရသည်။ 


တာလီဘန်တို့၏ လက်စားချေမှု အန္တရာယ်နှင့် ရင်ဆိုင်နေရသော စကား ပြန်များနှင့်  အခြားသူများကို လေ ကြောင်းမှ ခေါ်ယူရန်စီစဉ်ထားသည့်အ တိုင်း အာဖဂန်နိုင်ငံသား ၂၀ဝ ခန့်သည် အမေရိကန်ပြည်ထောင်စုတွင် ဘဝသစ် စတင်ရန် သောကြာနေ့က စတင်ထွက် ခွာနေပြီဖြစ်ကြောင်း အမေရိကန်အရာရှိ များက ပြောသည်။ အာဖဂန်မှ အမေရိ ကန်တပ်များဆုတ်ခွာမှု ပြီးစီးလုနီးပါး ဖြစ်နေပြီး အစိုးရတပ်များသည် တာလီ ဘန်တိုက်ခိုက်မှုကို တွန်းလှန်နေချိန် တွင်  အမေရိကန်နှင့် ပတ်သက်သည့်   အာဖဂန်များနှင့် မိသားစုများကို ဘေး ကင်းရာသို့ ပို့ဆောင်ရေးအစီအစဉ် စ တင်ခြင်းဖြစ်သည်။ 


အဆိုပါ အာဖဂန် နိုင်ငံသားများကို ယင်းတို့၏ မိသားစုများရပိုင်ခွင့်ရှိသည့် အထူးလူဝင်မှုကြီးကြပ်ရေး ပြည်ဝင်ခွင့် များ ထုတ်ပေးထားပြီး အာဖဂန်နိုင်ငံ သား ၅၀ဝ၀ဝ အထက်ကို မဟာမိတ် များခိုလှုံခြင်း စစ်ဆင်ရေးအတွင်းဘေး ကင်းရာသို့    ပို့ဆောင်ပေးမည်ဖြစ် ကြောင်းသိရသည်။

ရဲခေါင် (ref; Xinhua)






အခြားဆက်စပ်သတင်းများ