နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်

ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် သက်ကြီးရွယ်အိုဦးရေ သည် အရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားနေသည်။ မြန်မာနိုင်ငံ တွင်လည်း သက်ကြီးရွယ်အိုများ လျင်မြန်စွာတိုးတက်လာပြီး သက်ကြီးရွယ်အိုပါဝင်နှုန်း ၂၀၂၁ ခုနှစ်တွင် ကိုးရာခိုင်နှုန်းခန့် ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။ အဘိုး၊ အဘွားများ၏ ဘဝရှေ့ရေးသာယာချမ်းမြေ့မှုကို စောင့်ရှောက်ကာကွယ် ကူညီ တတ်သည့် မြန်မာတို့၏ လူနေမှုဓလေ့စရိုက်အစဉ်အလာများ၊ သက်ကြီးရွယ်အိုများကို အလေးထားသော ကူညီစောင့်ရှောက်မှု များသည် မွန်မြတ်သောပရဟိတလုပ်ငန်းများဖြစ်သည်။


အဘိုး၊ အဘွား၊ မိဘများနှင့် သား၊ သမီး၊ မြေး၊ မြစ်များ အတူတကွ ချစ်ချစ်ခင်ခင်နေထိုင်ခြင်း၊ အဘိုး၊ အဘွား မိဘတို့ကို သား၊ သမီး၊ မြေးမြစ်များက ရိုသေလေးစားခြင်း၊ ကျေးဇူးရှင် များအဖြစ် ဦးထိပ်ပန်ဆင်ခြင်း၊ သားသမီးဝတ်ငါးပါးနှင့်အညီ ကျေးဇူးဆပ်ခြင်း၊ ပြန်လည်ပြုစုစောင့်ရှောက်ခြင်းစသည့် ဓလေ့ စရိုက်သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအကြားတွင် ချစ်စရာဓလေ့စရိုက်အဖြစ် ယနေ့တိုင်မယိုင်မလဲ ခိုင်မြဲလျက်ရှိပေ သည်။


သက်ကြီးရွယ်အို အမိ၊ အဖ၊ ဘိုးဘွားတို့ကို ကူညီစောင့်ရှောက် ကြသူများရှိသကဲ့သို့ ဥပေက္ခာပြုထားကြသူများ၊ ပစ်ပယ်ထားကြသူ များ၊ စွန့်ပစ်ထားကြသူများလည်းရှိနေသည်ကို ကြားသိတွေ့မြင် နေရပေသည်။ ခိုကိုးရာမဲ့ အဘိုး၊ အဘွားများအတွက် လူမှုရေး အသင်းအဖွဲ့များနှင့် ကုသိုလ်ပြုစေတနာရှင်များက သက်ကြီး ရွယ်အို စောင့်ရှောက်ရေးဂေဟာများ၊ ဘိုးဘွားရိပ်သာများဖွင့်လှစ်၍ ခိုကိုးရာမဲ့ ဘိုးဘွားများအား စောင့်ရှောက်ခြင်းသည် ဘိုးဘွားများ အတွက် ဝမ်းမြောက်ဖွယ်ပင်ဖြစ်သည်။


လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနလက်အောက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနသည် သက်ဆိုင်ရာဌာနများ၊   နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။


ယခုအခါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဩဂုတ် ၁ ရက်နေ့တွင် မြို့နယ်စုရပ်များတွင် ထိုးနှံပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်မှုများများရခြင်းဖြင့် ရောဂါ ကို အနိုင်ယူနိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးထိုးထားရင် ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ရောဂါဝေဒနာပြင်းပြင်းထန်ထန်ခံစားရမှု၊ ဆေးရုံတက်ရောက်မှု၊ အထူးကြပ်မတ်ကုသဆောင် ရောက်ရှိမှု၊ သေဆုံးမှုတွေကို ကာကွယ်နိုင်မည်ဖြစ်သည်။


ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ဖြစ်ပွားသော ပထမလှိုင်းနှင့် ဒုတိယလှိုင်းများတွင် အသက်  ၆၅ နှစ်နှင့်အထက်များကို ဦးစားပေးထိုးနှံခဲ့သည်။ ယခုတတိယလှိုင်း တွင် အသက် ၆၅ နှစ်နှင့်အထက် ကိုယ်ခံအားကျဆင်းမှု၊ ခံနိုင်ရည် ရှိမှုတွေအပေါ် မူတည်ပြီး သက်ကြီးရွယ်အပိုင်းကို ဦးစားပေး ထိုးနှံပေးမည်ဖြစ်သကဲ့သို့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့အစည်းများကို ဦးစားပေးထိုးနှံမည်ဖြစ်ကြောင်း သိရသည်။


သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်မှုများတွင် ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရပ်ရွာပြည်သူများက တက်ကြွစွာဝိုင်းဝန်း ပါဝင် ကူညီဆောင်ရွက်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ