ဘန်ကောက်၊ ဇူလိုင် ၃၀
ထိုင်းနိုင်ငံရှိ Kaeng Krachan သစ် တောကြီးကို ကမ္ဘာ့အမွေအနှစ်အဖြစ် UNESCO- ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နဲ့ ယဉ်ကျေးမှုအဖွဲ့က စာရင်းသွင်းလိုက် သော်လည်း ကုလသမဂ္ဂ၏ ကျွမ်းကျင် သူများကမူ ဒေသတွင်းနေထိုင်သည့် တိုင်းရင်းသားဒေသခံများအပေါ် လူ့ အခွင့်အရေးချိုးဖောက်မှု ဖြစ်လာနိုင် ကြောင်း သတိပေးထားလိုက်သည်။
ထိုင်းနိုင်ငံအနောက်ပိုင်းရှိ မျိုးသုဉ်း ပျောက်ကွယ်လုဖြစ်နေသည့် Siamese မိကျောင်းများအပါအဝင် ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့် သစ်တောကြီးအဖြစ် ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့် သွင်းလိုက်ကြောင်း UNESCO က ကြေညာခဲ့ခြင်းဖြစ်သည်။
ထိုင်းအာဏာပိုင်များသည် ဒေသ တွင်းနေထိုင်သောသူများကို အတင်းအ ကျပ်မောင်းထုတ်ရန် ကြိုးပမ်းနေပြီးအ စဉ်အဆက် စွပ်စွဲပြောဆိုထားခြင်း လည်းဖြစ်သည်။ Kaeng Krachan သစ် တောကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရေး ထိုင်းနိုင်ငံက နှစ်ချီစည်းရုံးကြိုး ပမ်းနေခြင်းဖြစ်ပြီး UNESCO ၏ ဆုံး ဖြတ်ချက်ကိုလည်း ထိုင်းဝန်ကြီးချုပ် Prayut Chan-O-Cha က ချီးကျူးလိုက် သလို၊ နိုင်ငံတကာ အဆင့်အတန်းနှင့် အညီ သစ်တောကြီးကို ကာကွယ်စောင့် ရှောက်ရန်လည်း ကတိပြုခဲ့သည်။
ကုလသမဂ္ဂ ကျွမ်းကျင်သူတွေကမူ သီးခြားလွတ်လပ်သည့် လေ့လာအကဲ ခတ်သူများက ယင်းဒေသကို သွား ရောက်ကြည့်ရှုပြီး ဒေသခံတိုင်းရင်းသား များ၏ စိုးရိမ်မှုများကို ဖြေရှင်းပြီးမှ ဆုံး ဖြတ်ချက်ချရန် ပြီးခဲ့သည့် သီတင်းပတ် အတွင်း UNESCO ကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ မျိုးဝင်း(ref; Bangkok)