နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဓာတုစက်ရုံယိုစိမ့်မှုကြောင့် တက္ကဆက်တွင် ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရ

နယူးယောက်၊  ဇူလိုင်  ၃၀


တက္ကဆက်ပြည်နယ်တွင် ဓာတုယို စိမ့်မှုဖြစ်ပွားသောကြောင့် လူနှစ်ဦးသေ ဆုံးကြောင်း ကုမ္ပဏီ အရာရှိများကပြော ကြားလိုက်သည်။ 


တက္ကဆက်ရှိ  LyondellBasell စက်ရုံတွင် ညဦးပိုင်းက ဖြစ်ပွားခဲ့သော အက်စစ်များ ယိုစိမ့်ခြင်းကြောင့် လူသေ ဆုံးမှုဖြစ်ပွားသည်အထိ ဖြစ်ပေါ်နေ ကြောင်း ကုမ္ပဏီပြောခွင့်ရသူ ချီဗဲလီး ယားဂရေးက ကြေညာချက်တစ်စောင် တွင် ဖော်ပြထားခဲ့သည်။ 


ယင်းသို့ ဖြစ်ပွားပြီးနောက် အကူအညီ ပေးရေးအဖွဲ့မှ အရေပေါ်တုံ့ပြန်သူများ ကလည်း လာရောက် ကူညီကြောင်းသိရ သည်။ လူ ၂ ဦးတွင် သေလောက်သော ဒဏ်ရာရထားပြီး ကျန်လေးဦးတွင် လည်း လောင်ကျွမ်းမှုဖြစ်ခဲ့ကာ ဝန်ထမ်း များ အားလုံးအခြေအနေကို သိရရေး အတွက် အရေးပေါ် ကယ်ဆယ်ရေးလုပ် သားများနှင့် အဆက်မပြတ်ဆက်သွယ် နေကြောင်းလည်း သိရသည်။ 


လေထုအခြေအနေကို စမ်းသပ်မှု များအရ ပတ်ဝန်းကျင်အတွက် လက်ရှိ တွင် အန္တရာယ်မရှိကြောင်းလည်း အ ဆိုပါ စက်ရုံတာဝန်ရှိသူကပြောသည်။

ရဲခေါင် (Ref : Reuters)






အခြားဆက်စပ်သတင်းများ