ဝါရှင်တန်၊ ဇူလိုင် ၃၀
အမျိုးသားအဝေးပြေးယာဉ်များ လုံခြုံရေးဌာန NHTSA နှင့် သဘာဝ ပတ်ဝန်းကျင်ကာကွယ်ရေးဌာန EPA တို့သည် ၂၀၁၆ ခုနှစ်အထိ လောင်စာစွမ်း ဆောင်ရည်ထုတ်လုပ်မှုကို နှစ်စဉ် ၁ ဒသမ ၅ ရာခိုင်နှုန်း တိုးမြှင့်ရန်လိုသည် ဆိုသော စံနှုန်းအပေါ် ယခင်သမ္မတ ဒေါ်နယ်ထရမ့်က ရုပ်သိမ်းခဲ့ခြင်းနှင့် စပ် လျဉ်း၍ ပြန်လည်သုံးသပ်နေကြောင်း သိရသည်။
ထိုပမာဏသည် လောင်စာစွမ်း ဆောင်ရည်ကို နှစ်စဉ် ၅ ရာခိုင်နှုန်း တိုးစေမည့် သမ္မတ အိုဘားမားက ၂၀၁၂ တွင်ချမှတ်သည့် ပမာဏအောက်များ စွာလျော့နည်းနေသည်။
ယင်းကဲ့သို့ အဆိုပြုထားသည့် စည်း မျဉ်းများသည် မော်တော်ယာဉ်များ မှ ဓာတ်ငွေ့ထုတ်လွှတ်မှုစုစုပေါင်း ကို ၂၀၁၉ ခုနှစ်က Ford Motor, Volkswagen, Honda Motor နှင့် အခြား မော်တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း များနှင့် သဘောတူထားသည့် ကယ်လီ ဖိုးနီးယား မူဘောင်ပါပမာဏအထိ လျှော့ချခြင်းနှင့်တူညီကာ ထိုသဘော တူညီချက်အရ စွမ်းအင်တွက်ခြေ ကိုက်မှုကို ၂၀၂၂ မှ ၂၀၂၆ ခုနှစ် အတွင်း နှစ်စဉ် ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးမြှင့်ရန် ရည်ရွယ်ကြောင်း သိရသည်။
ယခုအဆိုပြုထားသည့် အစီအစဉ် အသေးစိတ်နှင့် ပတ်သက်ပြီး NHTSA နှင့် EPA တို့က ပြောကြားရန် ငြင်းဆန် သည်။
၂၀၂၆ ခုနှစ်ကို စံနှစ်အဖြစ် သတ် မှတ်သော ထိုစည်းကမ်းချက်များသည် အိုဘားမားခေတ်က နှစ်စဉ် ၅ ရာခိုင်နှုန်း တိုးမြှင့်ရေးထက် များစွာပိုမိုမြင့်မားမည် ဖြစ်ကြောင်း သတင်းများတွင် အစော ပိုင်း ကဖော်ပြခဲ့သည်။ ယင်းဖြစ်ရပ်များ အပေါ် ဘိုင်ဒင်အစိုးရအနေဖြင့် ပိုမို တင်း ကျပ်သည့် စည်းကမ်းများချမှတ်ရန် လိုကြောင်း လက်ရှိတွင် ဝေဖန်နေကြ သည်။
မျိုးဝင်း (ref; AP)