နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီးရီးယားသို့ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၅၀,ဝ၀ဝ ပံ့ပိုးကူညီ

ဘေကျင်း၊  ဇူလိုင် ၃၀ 


တရုတ်နိုင်ငံ ကြက်ခြေနီအသင်း (RCSC) က ပံ့ပိုးကူညီသော ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၅၀,ဝ၀ဝ ကို ဘေကျင်း မြို့မှ ဆီးရီးယားနိုင်ငံသို့ ပေးပို့လိုက်ပြီ ဖြစ်ကြောင်း တရုတ်ကြက်ခြေနီ ဖောင် ဒေးရှင်းက ပြောကြားခဲ့သည်။ 


ကာကွယ်ဆေးများရရှိမှုနှင့် သယ်ယူ ပို့ဆောင်မှု ကုန်ကျစရိတ်ကို တရုတ်နိုင်ငံ ကြက်ခြေနီဖောင်ဒေးရှင်းမှ တစ်ဆင့် ကျခံလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရ သည်။

ကပ်ရောဂါ တိုက်ဖျက်ချိန်မှစ၍ RCSC အနေဖြင့် နိုင်ငံပေါင်းများစွာထံ ကပ်ရောဂါ လျော့ပါးရေးပစ္စည်းများ ပေးပို့ခဲ့သည်။ 


ဆီးရီးယားနိုင်ငံကို လှူဒါန်းသော ကာကွယ်ဆေးကူညီမှုသည် ယင်းနိုင်ငံ ၏ ကိုဗစ်-၁၉  တိုက်ဖျက်ရေးကို အကူအညီဖြစ်စေရန်နှင့် ဆီးရီးယား ပြည်သူများ၏ ဘဝနှင့် ကျန်းမာရေးကို ထိန်းသိမ်းနိုင်ရန် မျှော်လင့်ကြောင်း RCSC တာဝန်ရှိသူများက ပြောကြား ခဲ့သည်။                မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ