နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတိပြုစရာ ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံ များတွင် ပြည်သူ့ကျန်းမာရေးပြဿနာတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။ ကမ္ဘာ့ငှက်ဖျားရောဂါ ဖြစ်ပွားသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းသည် အာဖရိကနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိပြီး ဒုတိယအများဆုံး ဖြစ်ပွားသေဆုံးမှုများမှာ အရှေ့တောင် အာရှနိုင်ငံများဖြစ်ကြောင်း သိရှိရပေသည်။ မြန်မာနိုင်ငံသည် အင်ဒိုနီးရှား၊ အိန္ဒိယနိုင်ငံနည်းတူ ဖြစ်ပွားသေဆုံးနှုန်းအများဆုံး တွင် ပါဝင်ပေသည်။


မြန်မာနိုင်ငံလူဦးရေတစ်ဝက်ကျော်သည် ကူးစက်မှု အန္တရာယ်ရှိ ဒေသများတွင်နေထိုင်ကြပြီး တစ်နိုင်ငံလုံးတွင် ငှက်ဖျားဖြစ်ပွားသူ သုံးသိန်းနီးပါးရှိသည်ဟု သက်ဆိုင်ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။


 ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၄ ဒသမ ၃ သန်းကို ငှက်ဖျားရောဂါဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးခြင်း၊ ရောဂါ ရှာဖွေဖော်ထုတ်ခြင်းနှင့်  ကုသမှုရှိနိုင်ခြင်းတို့မှတစ်ဆင့် အသက်ရှင်ခွင့်ရရှိကြောင်း၊ ယင်းတို့ထဲမှ ၉၂ ရာခိုင်နှုန်းမှာ အသက် ငါးနှစ်အောက်ကလေးများဖြစ်‌ကြောင်း ယူနီဆက်ဖ်မြန်မာက ထုတ်ပြန်ခဲ့သည်။


မြန်မာနိုင်ငံ အမျိုးသားငှက်ဖျားရောဂါတိုက်ဖျက်ရေး နေ့အဖြစ် ၂၀၁၅ ခုနှစ်တွင် ထောင်စုနှစ်ရည်မှန်းချက်ဖြစ်သော ငှက်ဖျားရောဂါဖြစ်ပွားသေဆုံးနှုန်း ထက်ဝက်လျှော့ချရေးကို ပြည့်မီအောင် ဆောင်ရွက်နိုင်ခဲ့ပေသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် နှီးနွှယ်ဌာနဆိုင်ရာများ၊ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊  ဒေသခံလူမှုရေးအဖွဲ့အစည်းများ          နှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့်         အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်ပေသည်။


မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆိုင်ရာ အလေ့အကျင့်ကောင်း၊ ရလဒ်ကောင်းများကို ဆက်လက် ထိန်းသိမ်းရန်နှင့်  ပြည်သူတစ်ရပ်လုံး၏  ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့် အောင်မြင်မှုများရရှိခဲ့ခြင်းဖြစ်သည်။


မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ငှက်ဖျားရောဂါနှင့် ပတ်သက်၍ ငှက်ဖျားရောဂါအဖြစ်အများဆုံး ဒေသများတွင် တာရှည်ခံဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေခြင်း၊ အခမဲ့ရောဂါ ရှာဖွေဆေးကုခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။


ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ခြင်ကြောင့် ဖြစ်ပွားသောရောဂါများဖြစ်ပွားမှုမှ ကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ရောဂါဖြစ်ပွားနှုန်း နည်းစေရန် ကာကွယ်ရေးနှင့် ကုသရေးအစီအမံများကိုလိုက်နာ ဆောင်ရွက်သင့်ပေသည်။ ခြင်ကြောင့် ဖြစ်ပွားသောရောဂါများ မဖြစ်ပွားစေရန် သက်ဆိုင်ရာဝန်ကြီးဌာနများ ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းများ စေတနာ့ဝန်ထမ်းအပါအဝင် ပူးပေါင်းဆောင်ရွက်စေချင်ကြောင်း။     ။






အခြားဆက်စပ်သတင်းများ