ရန်ကုန်၊ ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီးအတွင် ဇူလိုင် ၂၉ ရက်၊ နေ့လည်ပိုင်းတွင် မြေငလျင် လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် ချမ်းအေးသာဇံမြို့နယ် သီရိဟေမာ အရှေ့ရပ်ကွက်၊ မိုးကောင်းကျောင်းတိုက်ရှိ ဒီဃာယုဘုန်းတော်ကြီး အဆောက်အဦမှာ ပြိုကျပျက်စီးခဲ့သည်။
အဆိုပါ ပြိုကျပျက်စီးခဲ့သည့်နေရာသို့ ဇူလိုင် ၃၁ ရက်တွင် နယ်မြေခံတပ်မှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပြိုကျပျက်စီးနေသည့် အုတ်ခဲများ၊ အပျက်အစီးများကို ဖယ်ရှားရှင်းလင်းပေးကာ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ ဆွေဦး