ကော့ကရိတ်၊ ဇူလိုင် ၃၁
ထိုင်း - မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သော ဘားအံ - ကော့ကရိတ် - မြဝတီ ကားလမ်းပေါ်ရှိ ဂျိုင်း (ကျုံဒိုး) ton (60) Pontoon ဗောတံတားမှာ ဂျိုင်းမြစ်ရေမြင့်တက် လာမှုကြောင့် နှစ်စဉ် လမ်းပန်းဆက် သွယ်ရေး ပြတ်တောက်မှုများ ကြုံတွေ့ နေရသည့်အတွက် ယခုနှစ်တွင် မြစ်ရေ ကြီးမှု ဖြစ်ပေါ်လာပါက ကုန်သွယ်ရေး ကားများ ဖြတ်သန်းသွားလာနိုင်ရန်အ တွက် အထူးမြှင့်တင်တည်ဆောက်ထား ပြီဖြစ်ကြောင်း Kayin State Transportation & Services Entrepreneurs co. ltd လူမှုကွန်ရက်စာ မျက်နှာမှ သိရသည်။
ကျုံဒိုးမြို့၌ ယခုအချိန်တွင် မိုးအ ဆက်မပြတ်ရွာသွန်းမှုနှင့် တောင်ကျ ချောင်းရေများကြောင်း ဂျိုင်းမြစ်ရေမှာ ၆ဒသမ ၅မီတာ အထိ မြင့်တက်လာ ခဲ့သည့်အတွက် အဆိုပါ ဗောတံတား သို့သွားမည့် လမ်းများတွင်ရေကျော်မှု များ ဖြစ်ပေါ်ခဲ့ရာ TESC ဝန်ထမ်း များမှ လမ်းကြောင်းပြ အမှတ်အသား များထားရှိခြင်းနှင့် တံတားအတက် အဆင်းများကို လမ်းညွှန်ပြသမှုများ ကြောင့်ကုန်သွယ်ရေးကားကြီးများ အခက်အခဲမရှိဘဲ ဖြတ်သန်းသွားလာ လျက်ရှိပါသည်။ ယခုအချိန်သည် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားလျက်ရှိရာ အများ ပြည်သူများအတွက် လိုအပ် လျက်ရှိသည့် အောက်ဆီဂျင်နှင့် ဆက်စပ် ပစ္စည်းများ တင်သွင်းနေသည့်အချိန် ဖြစ်သည့်အတွက် တံတားပေါ်သို့ ဖြတ် သန်းသွားလာသည့်အခါ ကြန့်ကြာမှု မရှိစေရေးကို လည်း TESC ဝန်ထမ်း များမှ အထူးကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ Ton (၆၀) Pontoon ဗောတံတားအနေဖြင့် မြစ်ရေ ၇မီတာ အထိ တက်ခဲ့ပါက ကုန်သွယ်ရေး ကားများ ဖြတ်သန်းသွားလာနိုင်အောင် ပြင်ဆင်ဆောင်ရွက်ထားသော်လည်း မြစ်ရေမှာ ၇ မီတာ ထက်ကျော်လွန် လာပါက မြေပြင် လမ်းများမှာ ရေလွှမ်း ရေကျော်မှုများ ရှိလာနိုင်သည့်အတွက် ကုန်သွယ်ရေးကားများအနေဖြင့် အထူးသတိပြု သွားလာကြရန် Transportation & Services Entrepreneurs co. ltd လူမှုကွန်ရက် စာမျက်နှာမှ သတိပေးနှိုးဆော်ထား ကြောင်း သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)