ရန်ကုန်၊ ဇူလိုင် ၃၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၈ ရက်၊ ညနေ ၅ နာရီခွဲတွင် ဗန်းမော်မြို့၊ ညောင်ပင်ရပ်ကွက်၊ ဦးကြီးထိန်နန်လမ်း တွင် စိုးထက်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၂၂ ကီလိုကိုလည်း ကောင်း၊ ဇူလိုင် ၂၉ ရက်၊ ညနေ ၃ နာရီခွဲ တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်(ခ) မြို့ရှောင်လမ်း တွင် စိုင်းဝန်းမီးမောင်းနှင်ပြီး စိုင်းရှဲန် လိုက်ပါလာသည့် ဆိုင်ကယ်ကိုရပ်တန့် ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ဇူလိုင် ၂၉ ရက်၊ မွန်းလွဲ ၁ နာရီခွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့ ပါချီး ကျေးရွာအနီးတွင် မသင်္ကာဖွယ်အမျိုးသား နှစ်ဦးကို တွေ့ရှိရသဖြင့် စစ်ဆေးရန်ရပ် တန့်ခိုင်းစဉ် ယင်းတို့သယ်ဆောင်လာ သည့် ကျောပိုးအိတ်နှစ်လုံးကိုပစ်ချ၍ ထွက်ပြေးသွားသောကြောင့် ကျောပိုး အိတ်များကို ဖွင့်ဖောက်စစ်ဆေးရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၉၂၀၀ ကို လည်းကောင်း စစ်ဆေးတွေ့ရှိရသော ကြောင့် ယင်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထား ကြောင်းသိရသည်။ ဆွေဦး