နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွဲအပြီး အောင်လအန်ဆန်ရဲ့ စကားသံများ

ဇူလိုင် ၃၁

မြန်မာ MMA ကစားသမား အောင်လအန်ဆန်သည် စင်ကာပူနိုင်ငံ တွင် ယနေ့ကျင်းပသည့် Battleground ဟု အမည်ပေးထားသော MMA ပြိုင်ပွဲ တွင် မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် ဘရာဇီးနိုင်ငံသား လီအန်ဒရိုနှင့်ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ပထမအချီတွင် အလဲထိုး ဖြင့် အနိုင်ရခဲ့သည်။ ယှဉ်ပြိုင်ခဲ့တဲ့သူတို့ နှစ်ဦးဟာ ရန်သူတွေမဟုတ်ကြပါဘူး။ ယှဉ်ပြိုင်ဘက်တွေသာ ဖြစ်တာကြောင့် ပွဲအပြီးမှာ ချစ်ခင်ရင်းနှီးစွာနဲ့ အင်္ကျီခြင်း လဲလှယ်ခဲ့ကြပါတယ်။

ပွဲအပြီးမှာ အောင်လအန်ဆန်ကို တွေ့ဆုံမေးမြန်းရာမှာတော့ အောင်လ အန်ဆန်က "ဒီပွဲမထိုးခင် သူပြောထား တာက ကျွန်တော်က သူ့ကိုကြောက်နေ တယ်တဲ့။ ဒါကြောင့် လုံးဝမကြောက်ဘူး ဆိုတာ ပြချင်လို့ စောစောစီးစီး ဖွင့်ထိုး တာ။ မစ်ဒယ်ဝိတ်တန်းမှာ ကျွန်တော် ကြောက်တဲ့ ဖိုက်တာ တစ်ယောက်မှ မရှိဘူး"မေး- ပွဲပြီးတော့ ဥက္ကဋ္ဌ ချက်ထရီ ဆီသွားပြီး စကားပြောတာ တွေ့လိုက် တယ်။ ဘာတွေ ပြောတာလဲ? "ကျွန်တော် ပြောတာက ကြိုက်တဲ့ ကောင်နဲ့ ပွဲထပ်ပြီး တည်လို့ရတယ်လို့ ပြောခဲ့တာပါ။ ကျွန်‌တော် ချန်ပီယံ ဖြစ်နေတုန်းကတော့ စိန်ခေါ်တဲ့လူတွေ က ပေါ်လာကြတယ်လေ။ ကုန်ကုန် ပြောရရင် ဝယ်တာဝိတ်ချန်ပီယံ အဘာဆော့ကတောင် စိန်ခေါ်ခဲ့တာပါ။ ပြီးရင် ယိုရှီယိုအိုကာမီ၊ ဘစ်ဒက်ရှ်တို့လဲ ကျန်ပါသေးတယ်။ အဲဒီတော့ စိတ် လှုပ်ရှားဖို့ကောင်းတဲ့ ပွဲတွေ အများကြီး ထပ်တည်လို့ ရပါသေးတယ်။ ပွဲ ဖြစ်လိုက်ကြရအောင်။ မေး-"ဒီအချိန်မှာ ချန်ပီယံဆုကို စိန်‌ခေါ်ဖို့အသင့်ပြန်ဖြစ် နေပြီလို့ ထင်လား? ဘယ်ပရိသတ်ကမှ ပျင်းစရာကောင်းတဲ့ ပွဲတွေ မကြည့်ချင် ကြပါဘူး။ အဲဒီတော့ ဖျော်ဖြေမှုပေးနိုင် တဲ့ ပွဲတွေပဲ ဆက်ဆွဲကြရအောင် ဗျာ။ ကျွန်တော်ကိုယ်တိုင်လဲ One Champioship ပရိသတ်တွေကို စိတ် လှုပ်ရှားဖို့ ကောင်းတဲ့ပွဲမျိုးတွေပဲ ထိုးပြ ချင်ပါတယ်။ ဒီနေရာကနေ မြန်မာ ပြည်သူတွေအားလုံးအတွက် ဆုတောင်း ပေးချင်တယ်ဗျာ။ ဒီနှစ်ဟာ ကျွန်တော် တို့အားလုံးအတွက် ခက်ခဲတဲ့နှစ်တစ်နှစ် ပါ။ အထူးသဖြင့် မြန်မာပြည်မှာ အခုလို အခက်အခဲတွေ ကြုံတွေ့နေတဲ့အချိန် မျိုးမှာ ကျွန်တော့်အတွက် Gym သွားပြီး  ပြင်ဆင်မှုတွေ လုပ်ရတာ အရမ်းကို ခက်ခဲခဲ့ပါတယ်။ တာဝန်ရှိတဲ့သူတွေ အနေနဲ့လဲ ကိုယ့်အတွက်ပဲ မကြည့်ကြ ပါနဲ့။ မြန်မာပြည်သူတွေရဲ့ အနာဂတ်ကို လဲ စဉ်းစားပေးကြပါဦး"လို့ ပြောဆိုခဲ့ ပါတယ်။
(SO)






အခြားဆက်စပ်သတင်းများ