နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဆီနဲ့ ရော်နယ်ဒိုတို့ထက် ပိုချမ်းသာတဲ့ ဘောလုံးကစားသမား Faiq Bolkiah

ဇူလိုင် ၃၁

ကမ္ဘာပေါ်မှာ   အချမ်းသာဆုံး ဘောလုံးသမားလို့   ပြောလိုက်ရင် အားလုံးက မက်ဆီ ဒါမှမဟုတ် ခရစ် စတီယာနိုရော်နယ်ဒို တစ်ယောက် ယောက်ကိုပဲ  ပြေးမြင်ကြမှာဖြစ်ပါ တယ်။ ဒါပေမဲ့   ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဘောလုံးသမားက အရှေ့တောင်အာရှက ဘရူနိုင်းနိုင်ငံ သား Faiq Bolkiah ဖြစ်ပါတယ်။

သူ့ရဲ့  ကြွယ်ဝချမ်းသာမှုဟာ အမေရိကန်ဒေါ်လာ သန်းနှစ်သောင်း လောက်ရှိပါတယ်။ ရော်နယ်ဒိုနဲ့မက်ဆီ တို့ ချမ်းသာမှုထက်အဆ ၂၀လောက်ပို များတဲ့ ပမာဏတစ်ခုဖြစ်ပါတယ်။ သူဟာ ၂၀၁၄ မှာ ချယ်လ်ဆီးလူငယ်အသင်းနဲ့ စာချုပ်ချုပ်ခဲ့ပြီးနောက်၂၀၁၇မှာ လက်စတာအသင်းကို ပြောင်းရွှေ့သွား ခဲ့ပေမဲ့ တစ်ပွဲမှ ကစားခွင့်မရခဲ့ဘဲ ယခုတော့ ပေါ်တူဂီမှာ ကစားနေပါ တယ်။ တကယ်တော့ သူ့ရဲ့ ကြွယ်ဝ ချမ်းသာမှုဟာ ဘောလုံးကစားခြင်း မှ ရရှိတာမဟုတ်ဘဲ ဘရူနိုင်းဘုရင် ရဲ့တူတော်သူ ဖြစ်နေတာကြောင့်ဖြစ်ပါ တယ်။

Bolkiah တော်ဝင်မိသားစုဟာ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အချမ်းသာ ဆုံး တော်ဝင်မိသားစုဖြစ်တာကြောင့်  အဲ့ဒီအရှိန်အဝါနဲ့  Faiqဟာ  အလို အလျောက်  ကမ္ဘာ့အချမ်းသာဆုံး ဘောလုံးသမားဖြစ်သွားတာ ဖြစ်ပါ တယ်။           
  (SO)






အခြားဆက်စပ်သတင်းများ