ရန်ကုန် ဧပြီ ၂ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် Coronavirus(COVID-19)ကာကွယ်/ထိန်းချုပ်/ကုသရေး မြို့နယ်အဆင့်ကော်မတီအဖွဲ့ နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ ဧပြီ ၁ ရက်၊ ညပိုင်းက အလုံမြို့နယ်အတွင်းရှိ ရပ်ကွက်များအား COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်း ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း တွေ့ရစဉ်။ (သူရိန်)