နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှာကွီရီအတွက် ပေါက်ကွဲဖွယ်ရာ လီဗာပူးလ်ရဲ့ အံ့ဩဖွယ်နည်းပါးလွန်းတဲ့ ရောင်းဈေး

ဇူလိုင် ၃၁

လီဗာပူလ်းအသင်းဟာ အသင်းရဲ့ ကစားသမာတစ်ဦးကို ရောင်းထုတ် ဖို့ပြင်ဆင်နေတယ်လို့  သိရပါတယ်။ ဒီကစားသမားကတော့ လီဗာပူးလ် အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ် တဲ့ ရှာကွီရီဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ရှာကွီရီကို စီးရီအေရှိ လာဇီယိုအသင်းထံရောင်းချ ဖို့ ပြင်ဆင်နေတာဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါပေမယ့်  ရှာကွီရီနဲ့ ပတ်သတ်လို့ လီဗာပူးလ်က ထုတ်ပြန်ခဲ့ သော ရောင်းစျေးကတော့ အင်မတန်မှ အံ့ဩဖွယ်ရာကောင်းလှအောင် နည်းပါး နေတာကို တွေ့ရပါတယ်။

လီဗာပူးလ်ဟာ ရှာကွီရီကိုရောင်းချ ဖို့အတွက် စျေးနှုန်းအတိအကျ မထုတ်ပြန်ခဲ့ပေမယ့် ယူရိုငွေ ၁၀ သန်း အောက်သာစျေးနှုန်း သတ်မှတ်ထား ကြောင်း Sbnation.com သတင်းဌာန က သတင်းထောက်ဖြစ်တဲ့ Florian Plettenberg မှ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီစျေးနှုန်းနဲ့ပတ်သတ် လို့   ဥရောပ ဘောလုံးလောကဟာ လီဗာပူးလ်အသင်းကို အံ့သြခဲ့ရကြောင်း ဖော်ပြထားပါတယ်။

လီဗာပူးလ်ဟာ ယခုနှစ် နွေရာသီ အတွက်    အက်သလက်တီကိုမှ ကွင်းလယ်လူ    ဆူလ်းနီဂွတ် (SeulNigeud) ကိုရရှိဖို့ ကြိုးပမ်းမှု တွင် ပေါင် ၃၄ ဒသမ ၅ သန်းနဲ့အတူ ရှာကွီရီ ကို အလိုက်ပေးလဲလှယ်မယ်ဆို တဲ့သတင်းများလည်းထွက်ခဲ့ပါတယ်။ ဒီသတင်းထက် ယခုရှာကွီရီရဲ့စျေးနှုန်း ကို သတင်းက  ကာယကံရှင်ဖြစ်တဲ့ ကစားသမား ရှာကွီရီအဖို့ ပို၍ပေါက်ကွဲ ဖွယ်ရာ ဖြစ်နေကြောင်းကို Sbnation. com သတင်းဌာနတွင် ဖြည့်စွပ်ဖော်ပြ ထားပါတယ်။                            (SO)






အခြားဆက်စပ်သတင်းများ