နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုက်မြဲမိုက်နေသေးတဲ့ ကြီးမိုက်ကြီး ပီပီ

ဇူလိုင် ၃၁

ရီးရဲလ်မက်ဒရစ်နဲ့ ElClassico ပွဲတွေအပါအဝင် ရန်ပွဲတွေအကြိမ်ကြိမ် နွှဲခဲ့ပြီးနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ပီပီ တစ်ယောက်ကတော့ (၃၈) နှစ်အရွယ် ရောက်လာတာတောင် စရိုက်တွေ မပြောင်းသေးပါဘူး။ လက်ရှိပေါ်တို အသင်းမှာ  ပြောင်းရွှေ့ကစားနေပြီး ရိုးမားနဲ့ ၁-၁ သရေကျခဲ့တဲ့ ခြေစမ်းပွဲ စဉ်မျိုးမှာတောင် ရန်ပွဲနွှဲခဲ့သေးပါတယ်။
သူတို့အသင်း ၁-၀ နဲ့ ရှုံးနိမ့်နေတဲ့ အချိန်မှာ ရိုးမားကွင်းလယ်လူ မီခီ တာရန်နဲ့  လုံးထွေးရန်ဖြစ်ခဲ့ပြီး နှစ်ဘက်ကစားသမားတွေသာမက ကွင်းအပြင်က ဝန်ထမ်းတွေနဲ့ အရန် အသင်းသားတွေပါ ဝင်ရောက်ဖြန်ဖြေ ပေးခဲ့ရပါတယ်။

ဒိုင်လူကြီးက ပွဲကိုခေတ္တရပ်နားခဲ့ ရပြီး ရိုးမားနည်းပြ  မော်ရင်ဟိုက မီခီတာရန်ကို လူစားလဲခဲ့ရပါတယ်။ အင်တာဗျုးတစ်ခုမှာ သူပြောခဲ့တဲ့ ''ဖိုင်နယ်ဘဲဖြစ်ဖြစ်   ခြေစမ်းပွဲဘဲဖြစ် ဖြစ် ငါ့အတွက်တော့  အားလုံးက ကစားပွဲတစ်ခုဘဲ'' ဆိုတဲ့ စကားဟာ ဒီနေ့ထိမှန်နေဆဲပါ။ ပီပီဟာ အသက် အရွယ်ကြီး၊ အတွေ့အကြုံရင့်ကျက် လာခဲ့ပေမယ့် သူ့ရဲ့ဗီဇနဲ့စရိုက်ကတော့ ခုချိန်ထိ မပြောင်းလဲနိုင်သေးပါဘူး။ ဒါကြောင့် ပီပီကတော့ပီပီပဲ ဖြစ်နေသေး တာပါ။                                      (SO)






အခြားဆက်စပ်သတင်းများ