နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက္ကဆက်ရှိ စာသင်ကျောင်းတွင် နှာခေါင်းစည်း မတပ်မနေရ အမိန့်ထုတ်ရန် တိုက်တွန်း

ဟို့စ်တန်၊  ဇူလိုင် ၃၁

အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ် ဆရာများအသင်း (TSTA) က ယခုနှစ်ဆောင်းဦးရာသီတွင် ကျောင်း သားများအနေဖြင့် ကျောင်းပြန်တက်ချိန် တွင် နှာခေါင်းစည်း လိုအပ်ချက်ကို အမိန့်ထုတ်ပြန်ပေးရန် အုပ်ချုပ်ရေးမှူး Greg Abbott က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏  ကူးစက်မြန် ဒယ်လ်တာ (Delta) ဗီဇပြောင်းဗိုင်း ရပ်စ်ကြောင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား မှုနှင့် ဆေးရုံတက်ရောက်မှု အရေအ တွက်မှာ နိုင်ငံတစ်ဝန်း ဆက်လက်မြင့် တက်နေကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ စတုတ္ထ အကြီးဆုံးမြို့ဖြစ်သော ဟို့စတန်တည်  ရှိရာ တက္ကဆက်ပြည်နယ် ဟာရစ် ကောင် တီတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်တက်လာခြင်းကြောင့် ကိုဗစ်-၁၉ အန္တရာယ်အဆင့်ကို အဝါရောင်အဆင့် မှ လိမ္မော်ရောင်အဆင့်သို့ မြှင့်တင်ခဲ့ ကြောင်း သိရသည်။

ဟာရစ်ကောင်တီသည် မကြာသေး မီ သီတင်းပတ်များအတွင်း ယင်းပြည် နယ်ရှိ အခြားသောနေရာများ အကြား ကိုဗစ်-၁၉ ဖြစ်ပွားမှု  မြင့်တက်လာခဲ့ သည်။

သို့ရာတွင် Abbott က ကိုဗစ်-၁၉ ဖြစ်ပွားမှုနှင့် ဆေးရုံတက်ရောက်မှုများ ဆက်လက်  မြင့်တက်လာသည့်တိုင် နောက်ထပ် နှာခေါင်းစည်းမတပ်မနေရ အမိန့်လုပ်ဆောင်မည် မဟုတ်ကြောင်း Abbott က ထပ်လောင်း ပြောကြား ခဲ့သည်။             မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ