နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပိုမိုထောက်ပံ့ရန် UNICEF နှင့် Sinovac ဆောင်ရွက်

ကမ်ပလာ၊  ဇူလိုင် ၃၁

ဖွံ့ဖြိုးဆဲနိုင်ငံများသို့ COVAX အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ပိုမိုထောက်ပံ့သွားရန် ကုလသမဂ္ဂကလေးများရံပုံငွေအဖွဲ့ (UNICEF)သည် တရုတ် ကုမ္ပဏီ Sinovac နှင့် လက်တလောတွင် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့သည်။

UNICEF က အဆိုပါသဘောတူညီမှုကို ကြေညာပြီးတစ်ရက်အကြာ ဖွံ့ဖြိုး ဆဲနိုင်ငံသို့ ကာကွယ်ဆေးများ ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေနိုင်ရန်အတွက် မျှော်လင့် ချက်ဖြစ်ကြောင်း ဇူလိုင်လနှောင်းပိုင်းကာလတွင် ယူဂန်ဒါနိုင်ငံမှ UNICEF ကိုယ်စား လှယ်ဖြစ်သူ Munir Safieldin က တွစ်တာတွင် ရေးသားခဲ့သည်။

“ဒါကမှန်ကန်သေချာတဲ့ သတင်းကောင်းဖြစ်တယ်။ အလယ်အလတ်နဲ့ဝင်ငွေ နည်းတဲ့ နိုင်ငံတွေက ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ပိုမိုလက် လှမ်းမီနိုင်ဖို့ အတွက် COVAX အစီအစဉ်နဲ့ကာကွယ်ဆေးတွေ ပိုမိုအတည်ပြု ပေးလျက်ရှိတယ်’’ဟု Safieldin ကပြောသည်။ ထောက်ပံ့ရေး သဘောတူညီမှုမှ တစ်ဆင့် ယူနီဆက်သည် COVAX အစီအစဉ်တွင် ပါဝင်သောနိုင်ငံများကို ၂၀၂၁ ခုနှစ်အတွင်း ကာကွယ်ဆေးကြိမ်ရေသန်း၂၀ဝ အထိထိုးနှံနိုင်ရန် ကူညီသွားမည် ဖြစ်ကြောင်း ၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ အဆိုအရ ကူးစက်ရောဂါများကို ကာကွယ်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် သန်းပေါင်းရာချီ၍ ဆေးများလိုအပ်လျက် ရှိကြောင်း သိရသည်။                     မျိုးဝင်း (ref; Xinhua)






အခြားဆက်စပ်သတင်းများ