နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားအကျိုးစီးပွားကာကွယ်ရေး သဘောထားအပေါ် တရုတ်ကာကွယ်ရေးဝန်ကြီး ပြတ်သားစွာ ပြောကြား

ဘေကျင်း၊  ဇူလိုင်  ၃၁

တရုတ်နိုင်ငံသည် ယင်း၏အဓိက အကျိုးစီးပွားများကို ကာကွယ်ရာတွင် မည်သည့်အခါမျှ အလျှော့ပေးမည် မဟုတ်ကြောင်း တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် အမျိုးသားကာကွယ် ရေးဝန်ကြီး ဝေဖုန်ဟာက ပြောကြား လိုက်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာချမ်းသာ ကြွယ်ဝရေးနှင့် တည်ငြိမ်မှုထိန်းသိမ်းရန် ကတိကဝတ်ပြုပြီး  တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် လူသားများနှင့် တစ်ကမ္ဘာလုံးကို အကျိုးရှိစေမည်ဖြစ် ကြောင်း ဝေက တာဂျစ်ကစ္စတန်မြို့ တော် ဒူရှန်ဘဲတွင် ကျင်းပသည့် ရှန် ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ ၁၈ ကြိမ် မြောက်  ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားလိုက်ပြီး တရုတ်သည် အခြားနိုင်ငံများကိုမည် သည့်အခါကမျှ အနိုင်မကျင့်သလို အခြား နိုင်ငံများက ၎င်းကိုအနိုင်ကျင့်သည်ကို လည်း ခွင့်ပြုမည်မဟုတ်ကြောင်း ပြောခဲ့ သည်။

တရုတ်နိုင်ငံသည် ၎င်းတို့၏ကွန် မြူနစ်ပါတီတည်ထောင်သည့် ရာပြည့် အခမ်းအနားကို မကြာသေးမီကမှ ကျင်းပ ခဲ့ပြီး သမ္မတရှီကျင့်ဖျိန်၏ ခေါင်းဆောင် မှုအောက်တွင်  တရုတ်နိုင်ငံသည် ဘက်စုံမှ အလယ်အလတ်ကြွယ်ဝချမ်း သာသည့်နိုင်ငံတည်ဆောက်ရေးပြီး မြောက်အောင်မြင်ကာ တရုတ်နိုင်ငံ အင် အား ပြန်လည်တောင့်တင်းရေးဆိုသည့် နောက်ပြန်လှည့်မရသည့် သမိုင်းဖြစ်စဉ် သို့ ဝင်ရောက်လာကြောင်းလည်း ဝေက ပြောခဲ့သည်။
ထိုင်ဝမ်၊ ဟောင်ကောင်၊ ရှင်ကျန်း၊ တိဗက်နှင့်  တောင်တရုတ်ပင်လယ် ပြဿနာ များနှင့်ပတ်သက်ပြီး တရုတ် နိုင်ငံသည် အပေးအယူလုပ်ခြင်း၊ အ လျှော့ပေးခြင်း  ပြုလုပ်မည်မဟုတ် ကြောင်း ဝေက ပြောသည်။
ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ