နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ထမ်းများအတွက် ကိုဗစ်စည်းကမ်းသစ်များ ကန်သမ္မတ ထုတ်ပြန်

ဝါရှင်တန်၊  ဇူလိုင် ၃၁

အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်ရောဂါ ကူးစက်မှုများ တိုးလာ နေခြင်းကို ထိန်းချုပ်ရန် ကြိုးပမ်းသည့် အနေဖြင့် သန်းချီအရေအတွက်ရှိသည့် အစိုးရ ဝန်ထမ်းများကို ကန်သမ္မတ ဘိုင်ဒင်က ကိုဗစ်-၁၉ စည်းကမ်းသစ်များ ထပ်မံကြေညာလိုက်သည်။

ဝန်ထမ်းများကို ထုတ်ပြန်သည့် စည်းကမ်းများတွင် ကာကွယ်ဆေးထိုး ပြီးသူ ဟုတ်မဟုတ် အထောက်အထား တောင်းခံမည်ဖြစ်ကာ  အထောက် အထားမပြနိုင်သူ သို့မဟုတ် ဆေးမထိုး ရသေးပါက မည်သည့် နေရာတွင်ဖြစ် ဖြစ် နှာခေါင်းစည်းတပ်ရမည် ဖြစ် ကြောင်း ၊ တစ်ပတ်လျှင် ၁ ကြိမ်မှ ၂ ကြိမ် ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးရမည်ဖြစ် ကြောင်း၊  လူချင်းခပ်ခွာခွာနေရန်လည်း လိုအပ်ကြောင်းစသည်ဖြင့် သမ္မတ Joe Biden က အိမ်ဖြူတော် တွင် ပြောလိုက် ခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးသူ များလာစေ ရန် အစိုးရဝန်ထမ်း ၄ သန်းခန့် အတွက် ထုတ်ပြန်လိုက်သည့် စည်းကမ်းသစ် များကို ပုဂ္ဂလိကလုပ်ငန်းများကလည်း လိုက်နာရန် အစိုးရကမျှော်လင့်နေခြင်း ဖြစ်ကာ စီးပွားရေးလုပ်ငန်းများ အနေ ဖြင့်လည်း ဝန်ထမ်းများကို အထူးအခွင့် အရေးပေးပြီး ကာကွယ်ဆေးထိုးနှံရေး စည်းရုံးရန် သမ္မတဘိုင်ဒင်ကတိုက်တွန်း ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ပြည်နယ်နှင့် ဒေသန္တရ အစိုးရများကိုလည်း ကပ်ရောဂါအတွက် အရေးပေါ် ပေးအပ်ထားသည့် ရန်ပုံငွေမှ ကာကွယ်ဆေးထိုးသူများကို ဒေါ်လာ ၁၀ဝ စီပေးပြီး စည်းရုံးရန်လည်း အကြံ ပြုခဲ့သည်။
ဇူလိုင်လအတွင်း ကာကွယ်ဆေး အပြည့်ထိုးပြီးသည့် အရွယ်ရောက်သူ အရေအတွက်မှာ နိုင်ငံတွင်း လူဦးရေ ၏ ၇၀ ရာခိုင်နှုန်းရှိရန် သမ္မတက ရည် မှန်းခဲ့သော်လည်း ယခုအချိန်အထိ ၆၀ ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း သိရ သည်။                  ရဲခေါင် (ref; AFP)






အခြားဆက်စပ်သတင်းများ