နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အစားအသောက်မှသည် .

ကမ္ဘာပေါ်တွင် နှစ်စဉ်အသည်းရောဂါဖြင့် လူတစ်သန်းခန့် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာ စသော အသည်းနှင့်ပတ်သက်၍ ရောဂါ၏အကြောင်းအရင်းမှာ အသည်းရောင်၊ အသားဝါ၊ ဘီပိုး၊ စီပိုးများ ကူးစက်ခံရခြင်းဖြစ် ကြောင်း ပညာရှင်တို့က လေ့လာတွေ့ရှိထားကြသည်။

အသည်းရောင် ဘီပိုး၊ စီပိုးသည် နာတာရှည်ရောဂါများအပြင် ကူးစက်နိုင်ပြီး သတိမပြုမိပါက အသည်းခြောက်ခြင်းနှင့် အသည်း ကင်ဆာဖြစ်ပွားလေ့ရှိသည်။ အသည်းရောင်ရောဂါကို ဖြစ်စေသည့် ဘီပိုးနှင့် စီပိုးသည် ကူးစက်ရန်လွယ်ကူပြီး စနစ်တကျကုသမှု ခံယူသင့်ပါသည်။ လူအများတွင် အသည်းရောဂါဖြစ်ပွားရခြင်း အကြောင်းအရင်းမှာ သန့်ရှင်းမှုအားနည်းခြင်းကြောင့်ဖြစ်ရသည် ဟု ပညာရှင်တို့က ဆိုသည်။
မသန့်ရှင်းသော ရေ၊ မသန့်ရှင်းသော အစားအစာတို့မှတစ်ဆင့် အသည်းရောဂါဖြစ်ပွားနိုင်ပါသည်။ ရောဂါဖြစ်ပွားပါက စနစ်တကျ ကုသမှုခံယူသင့်ပါသည်။ သို့ရာတွင် လူအများစုသည် သွေးစစ်ဆေး မှု အားနည်းကြသဖြင့် ဘီပိုးနှင့် စီပိုးများ ကူးစက်ခံနေရသည်ကို သတိမပြုမိဘဲ ဖြစ်ကြရပါသည်။

ယနေ့လူမှုဘဝ ဝန်းကျင်တွင် ပျံ့နှံ့လွယ်ပြီး အမျိုးသားတို့၏ လူမှုဘဝကို ထိခိုက်မှုအလွယ်ဆုံးဖြစ်သည့် အရက်သေစာ သောက်စားမူးယစ်မှုကြောင့် ထိခိုက်စေသော အကျိုးရလဒ်များ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရပါသည်။ ယခုအခါ ပြည်တွင်းပြည်ပ ထုတ် အရက်အမျိုးမျိုးကို လွတ်လပ်လွယ်ကူစွာ ဝယ်ယူသောက်သုံး နိုင်မှုကြောင့် ကျန်းမာရေးနှင့် လူမှုဘဝပျက်ပြားလာခြင်းဖြစ်သည်။ အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် နောက်ဆက်တွဲ ရောဂါအမျိုးမျိုး ဖြစ်ပေါ်လာနိုင်ပေရာ အသည်းကိုထိခိုက်မှုသည် များပြားလာသောအခြေအနေသို့ ရောက်ရှိနေပေသည်။

အဘယ်ကြောင့်ဆိုသော် အရက်သေစာသည် လူမှုဝန်းကျင် တွင် လျှော့နည်းမသွားဘဲ တိုးတက်များပြားလာပြီး ကျန်းမာရေး နှင့် လူမှုကျင့်ဝတ်ကို ထိခိုက်စေသောကြောင့် ဝိုင်းဝန်းတားဆီးရန် လိုအပ်ပေသည်။
မည်သို့ပင်ဖြစ်စေ လူအများ၏ကျန်းမာရေးကို ခြိမ်းခြောက်လာ သော အသည်းရောဂါအမျိုးမျိုး မဖြစ်ပွားအောင် ဆင်ခြင်နေထိုင် စားသောက်ရန် လိုအပ်လာပြီဖြစ်ပေသည်။ မိမိတွင် ဘီပိုး၊ စီပိုး များ ကူးစက်ခံရခြင်း ရှိ၊ မရှိ သွေးစစ်ဆေးမှုခံယူကြခြင်းဖြင့် အသည်းရောဂါကြောင့် ဖြစ်ပွားလာမည့်နောက်ဆက်တွဲရောဂါ များ ကာကွယ်နိုင်မည်ဟု ဆိုချင်ပါကြောင်း။     ။






အခြားဆက်စပ်သတင်းများ