ရန်ကုန်၊ ဇူလိုင် ၂၉
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG နှင့် PDF အဖွဲ့များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပျက်ပြား ထိခိုက်စေရန်ရည်ရွယ်၍ လူငယ်များကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံတွင် အကြမ်းဖက်သင်တန်းများတက်ရောက်စေပြီး အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့်နေရာများကို မိုင်းထောင်တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ ၏ ပညာရေးကိုထိခိုက် စေရန် စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်တိုက် ခိုက်ခြင်း၊ ဆရာ/ဆရာများကို နှောက်ယှက်တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာထောက်ထားမှုမရှိဘဲလုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိမှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထိန်းသိမ်းနိုင်ရေးဆောင်ရွက်လျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ သတင်းများကိုအကြမ်းဖက် PDF သင်တန်းဆင်းလာသူ အောင်ချစ်ကို ထံသို့ပေးပို့နေသည့် သိန်းသိန်းအိ(ခ)ကုလားမကို ဇူလိုင် ၂၆ ရက်၊ ညပိုင်းတွင် မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်၊ သာယာကုန်း ၂ နယ်မြေရှိ ယင်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
တရားခံသိန်းသိန်းအိ(ခ)ကုလားမ၏ ထွက်ဆိုချက်အရ TNLA အကြမ်းဖက်သောင်းကျန်းသူနယ်မြေတွင် ဖောက်ခွဲရေးသင်တန်း တက် ရောက်ပြီး မိတ္ထီလာမြိုသို့ ပြန်လည်ရောက်ရှိနေသည့် အောင်ချစ်ကိုအား ဇူလိုင် ၂၇ ရက် နံနက်ပိုင်းတွင် ယင်းတိမ်းရှောင် နေထိုင်သည့် မိတ္ထီလာမြို့၊ ဈေးအရှေ့ပြင် ရပ်ကွက်၊ အင်းဝဘဏ် လမ်းရှိ 7 Star ကုန်မာဆိုင်၌ ဖမ်းဆီးရမိခဲ့ပြီးတရားခံအားလက်ခံ ထားရှိသည့် 7 Star ကုန်မာဆိုင်ပိုင်ရှင် ပြည်သူနှင့် ဇနီးဖြစ်သူ စိုးနိုဘယ်တို့ကိုနံနက်ပိုင်း တွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။
တရားခံ ပြည်သူ၏ ထွက်ဆိုချက်အရ အောင်ချစ်ကိုအပ်နှံထား သည့် လက်လုပ် သေနတ် ၂ လက်ကို လပ်ကီးစတားကုန်မာဆိုင်ခွဲမှ ဇူလိုင် ၂၈ ရက်၊ နေ့လယ်ပိုင်းတွင် ထပ်မံသိမ်းဆည်းရမိခဲ့သည်။
တရားခံ အောင်ချစ်ကို၏ ထွက်ဆိုချက်အရ ဧပြီ ၂၇ ရက်တွင် သူရိန်စိုးနှင့်အတူ မိတ္ထီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်ရှိ ခရိုင်ပညာရေး မှူးရုံးကိုလည်းကောင်း၊ ဈေးအရှေ့ပြင်ရပ်ကွက်ရှိ မြို့နယ်လဝက ရုံးကိုလည်းကောင်း၊ လက်လုပ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲဖျက်ဆီးခြင်း များပြုလုပ်ခဲ့ကြောင်း၊ မေ ၆ ရက်တွင် သူရိန်စိုး၊ ထင်လင်း၊ ဝေမှူး၊ ခိုင်မြဲဇော်၊ တရုတ်လေး၊ ကျော်ဇင်ဟန်၊ ပန်ချာ၊ ထက်ဝေယံတို့ နှင့်အတူ မိတ္ထီလာမြို့နယ်၊ ကျွဲတလင်းအုပ်စု၊ မယ်ဇလီပင်ကျေးရွာရှိ အမက(၃၀)ကျောင်း၌ ဆရာ/ ဆရာမများမှ ကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်နေစဉ် အစည်းအဝေးပျက်ပြားစေရန်နှင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင် ခြင်းမရှိစေရန် ရည်ရွယ်၍ ကျောင်းဝင်းအတွင်းသို့ လေးခွများဖြင့်ပစ် ခြင်း၊ ကျောင်းဝင်း အတွင်းဝင်ရောက်၍ ဆရာ/ဆရာမများ၏ ဆိုင်ကယ် ၃ စီးအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ မေ ၇ ရက်တွင် သီရိမင်္ဂလာရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံးအတွင်း ဝင်ရောက်၍ ဆရာ/ဆရာမများ၏ ဆိုင်ကယ် ၆ စီးကို ဓာတ်ဆီလောင်းမီးရှို့ ဖျက်ဆီးခြင်းများတွင် ပါဝင်ခဲ့ကြောင်း သိရှိရသည်။
ဖောက်ခွဲရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် အသုံးပြုသည့် လက်လုပ်မိုင်းများကို ဇွန်လ ၆ ရက်တွင် ရွှေအုန်းပင်ထမင်းဆိုင်၌ လက်လုပ်မိုင်းများပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံးခဲ့သော တရားခံစိုးရန်နိုင်ထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မိတ္ထီလာမြို့ပေါ်တွင် အဖျက်လုပ်ငန်းနှင့် အပြစ်မဲ့ပြည်သူများကို ပစ်ခတ်လုပ်ကြံမှုများပြုလုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် တရားခံ အောင်ချစ်ကိုသည် ဆက်စပ်တရားခံ ပိုင်ဇေ(ဖမ်းဆီးရမိ)ထံမှ ချိတ်ဆက်၍ လက်လုပ်သေနတ် ၂ လက်ကို ရယူခဲ့ကြောင်း သိရှိရ သည်။
တရားခံ အောင်ချစ်ကိုသည် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင် ဆောင်ရွက်မှုများကြောင့် မေ ၁၈ ရက်တွင် ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်လှစ်ခံထားရပြီး ဆက်စပ်တရားခံ ဇင်မင်းဖြိုး (ဖမ်းဆီး ရန်ကျန်)၏ စေခိုင်းချက်အရ TNLA အကြမ်းဖက် သောင်းကျန်းသူများ လှုပ်ရှားလျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ်၊ ခွန်ကော်အုပ်စု၊ အုန်အီးကျေးရွာတွင် မေ ၅ ရက်မှ ၂၅ ရက်ထိ ဖွင့် လှစ်သော ဖောက်ခွဲဖျက်ဆီးရေးသင်တန်းကို တက်ရောက်ခဲ့ပြီး သင် တန်းမှပြန်လည်ရောက်ရှိချိန်တွင် အခြားသူများကိုလည်း ဖောက်ခွဲ ရေးသင်တန်းတက်ရောက်ရန် စည်းရုံးချိတ်ဆက်မှုများပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။
ဆွေဦး