တူးနစ်၊ ဇူလိုင် ၂၈
တူနီးရှားသမ္မတအနေဖြင့် လွှတ် တော် ကိုဆိုင်းငံ့ထားလိုက်ပြီး ဝန်ကြီး ချုပ် ဟိုင်ချန် မီချီချီ ကို ရာထူးမှဖြုတ်ချ လိုက်ခြင်းကြောင့် ယင်းလုပ်ရပ်သည် ဒီမိုကရေစီကို တိုက်ခိုက်လိုက်ခြင်းဖြစ် ကြောင်း ပြိုင်ဖက်များကစွပ်စွဲပြောဆို နေကြသည်။ ယင်းသို့ စွပ်စွဲနေကြသော် လည်း နိုင်ငံအတွင်းရှိ လမ်းမများတွင်မူ ထိုလုပ်ရပ်ကိုထောက်ခံသည့် အခမ်း အနားများ ကျင်းပနေကြသည်။
အစိုးရ၏ စီးပွားရေးအပေါ်ကိုင် တွယ်မှုအပြင် Covid ကပ်ရောဂါဖြေရှင်း မှုကို မကျေနပ်သောကြောင့် နိုင်ငံ တဝှမ်းမြို့ကြီးများတွင် အကြမ်းဖက်ဆန္ဒ ပြပွဲများ ဖြစ်ပေါ်ပြီးနောက် တူနီးရှား သမ္မတ ကိုက်စ်ဆေယက်က ဝန်ကြီး ချုပ်သစ်တစ်ဦး၏ အကူအညီဖြင့်အုပ် ချုပ်ရေးအာဏာကို ချုပ်ကိုင်မည်ဖြစ် ကြောင်း ကြေညာခဲ့သည်။
ထိုသို့လုပ်ဆောင်လိုက်ခြင်းသည် ၂၀၁၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၊ ဝန်ကြီးချုပ်နှင့် လွှတ်တော် တို့အကြား အာဏာခွဲဝေမှုအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ပြီး ယင်း လုပ်ရပ်များမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီကြောင်း ဆေယက်က ပြောသည်။
မြို့ကြီးအများအပြားတွင် ထောင်နှင့် ချီသည့် တူနီးရှားနိုင်ငံသားများ ဆန္ဒပြ သောကြောင့် သမ္မတနန်းတော်တွင် အရေးပေါ်အစည်းအဝေး ကျင်းပ ပြီးနောက် အဆိုပါကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ရဲခေါင် (ref; AFP)