ကိုလံဘို၊ ဇူလိုင် ၂၈
သီရိလင်္ကာနိုင်ငံ၌ ပြီးခဲ့သည့်နှစ်မှ စ၍ COVID-19 ရောဂါကူးစက်ခံရသူ ပေါင်း ၂၉၆,၅၁၆ ဦးရှိပြီး ယင်းကာလ အတွင်း Quarantine စည်းမျဉ်းဥပဒေ ချိုးဖောက်မှုဖြင့် ပြီးခဲ့သောနှစ် အောက် တိုဘာလမှ လက်ရှိ ဇူလိုင်လအထိ လူပေါင်း ငါးသောင်းကျော် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။
Quarantine စည်းမျဉ်းဥပဒေများ ချိုးဖောက်မှုများဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ လူပေါင်း ၅၂,၁၅၄ ဦးအား ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ajith Rohana က ဆိုသည်။ ထို့ပြင် ခရိုင်တစ်ခု နှင့်တစ်ခုအကြား ခရီးသွားလာခွင့် ကန့်သတ်ချက်အား ချိုးဖောက်ခဲ့သည့် လူ ၁၀ဝ ကိုလည်း ယင်းတို့၏ သက် ဆိုင်ရာပြည်နယ်များသို့ အသီးသီး ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံသည် COVID-19 ကပ်ရောဂါ လျင်မြန်စွာ ပြန့်နှံ့နေခြင်း ကြောင့် လက်ရှိတွင် ခရိုင်တစ်ခုမှ တစ်ခု သို့ ခရီးသွားလာခြင်းကို ကန့်သတ် ထားကြောင်း သိရသည်။ ပြည်သူများ အနေဖြင့် မဖြစ်မနေ နှာခေါင်းစည်းတပ် ဆင်ကြရန်နှင့် လူအချင်းခပ်ခွာခွာနေ ထိုင်မှု social distance ကို လိုက်နာ ရန် သီရိလင်္ကာနိုင်ငံ၏ ကျန်းမာရေး ဝန်ကြီးဌာန တိုက်တွန်းထားပြီး မည်သူ မဆို ယင်း စည်းမျဉ်းများကို ချိုးဖောက် ပါက ထောင်ဒဏ်အထိ အပြစ်ပေးအရေး ယူခံရမည် ဖြစ်ကြောင်း သိရသည်။
မျိုးဝင်း(ref; Xinhua)