မော်စကို၊ ဇူလိုင် ၂၈
MiG လေယာဉ်ကုမ္ပဏီက ပဉ္စမ မြောက် လေယာဉ်တင်သင်္ဘောအခြေ စိုက် တိုက်လေယာဉ်ကို စတင်တီထွင်နေ ပြီဖြစ်ရာ နှစ်အနည်းငယ်အတွင်းရှေ့ပြေး ပုံစံတည်ဆောက်ရန် စီစဉ်ထားကြောင်း သိရသည်။
ပဉ္စမမြောက် လေယာဉ်တင်သင်္ဘော အခြေစိုက် တိုက်လေယာဉ်တွင် ကိုယ် ပျောက်နည်းပညာကို အသုံးပြုထား ကြောင်း၊ လက်ရှိတွင် ကွန်ပျူတာဖြင့် နမူနာပုံစံ တည်ဆောက်ထားရာလာမည့် နှစ်အနည်းငယ်တွင် ပထမဆုံးလေယာဉ် ရှေ့ပြေးပုံစံ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။ ပဉ္စမမျိုး ဆက် လေယာဉ်တင်သင်္ဘော အခြေစိုက် တိုက်လေယာဉ်ကို ဒေါင်လိုက်တက် ဆင်းပျံသန်းနိုင်ရန် တီထွင်သူများက စဉ်းစားဆောင်ရွက်နေကြောင်း၊ တိုက် လေယာဉ်အပြင် ပုံစံအရွယ်အစားသည် MiG-35 တိုက်လေယာဉ်နှင့် ဆင်တူ ဖြစ်ပြီး လေယာဉ်ဆီဖြည့်နိုင်စွမ်းနှင့် ဆက်တိုက် ပစ်ခတ်နိုင်သည့် မောင်းသူမဲ့ ဒရုန်းယာဉ်ကဲ့သို့ လုပ်ဆောင်နိုင်စွမ်း ရှိမည်ဖြစ်ကြောင်း ၎င်း၏ ပြောကြား ချက်အရ သိရသည်။
MiG လေယာဉ်ကုမ္ပဏီသည် ယခု ရက်ပိုင်းတွင် ကျင်းပသည့် (၁၅)ကြိမ် မြောက် နိုင်ငံတကာလေကြောင်းနှင့် အာကာသပြပွဲတွင် ပဉ္စမမျိုးဆက် လေယာဉ်တင်သင်္ဘောသုံး တိုက် လေယာဉ်နှင့် သက်ဆိုင်ရာ ဒုံးယာဉ် များ၏ ပုံစံကိုပြသခဲ့ကြောင်း Sputnik သတင်းဌာနက ဖော်ပြထားသည်။
ရဲခေါင် (ref; Xinhua)