ဘက်ဂ်ဒတ်၊ ဇူလိုင် ၂၈
အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များ၏ တိုက်ခိုက်ရေး တာဝန်ကို လာမည့် လ ပိုင်းများအတွင်း အဆုံးသတ်မည်ဖြစ် ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ကြေညာခဲ့သည်။
အီရတ် ဝန်ကြီးချုပ် Mustafa al-Kadhimi နှင့် အမေရိကန် သမ္မတ အိမ်ဖြူ တော် ဆွေးနွေးပွဲအတွင်း ကန်သမ္မတ ဘိုင်ဒင်က ကြေညာခဲ့ခြင်းဖြစ်သည်။
အီရတ်နိုင်ငံတွင်းရှိ အမေရိကန် တပ်ဖွဲ့များ၏ အခန်းကဏ္ဍသစ်သည် ISIS - အစ္စလာမ္မစ် အစွန်းရောက်များအရေး ကိုင်တွယ်နိုင်ရေး ကူညီပေးရန်၊ လေ့ကျင့် မှုနှင့် ထောက်ပံ့မှုကိုဆက်လက်ဆောင် ရွက်သွားရန်စသည်ဖြင့် ရည်ရွယ်ခြင်း ဖြစ်သော်လည်း ယခုနှစ်ကုန်ပိုင်းတွင် အမေရိကန် တပ်ဖွဲ့များအနေဖြင့်တိုက် ခိုက်ရေးလုပ်ငန်းများ ဆက်လုပ်တော့ မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဘိုင်ဒင်က ပြောသည်။
လက်ရှိ အီရတ်နိုင်ငံတွင်း အမေရိ ကန်တပ်ဖွဲ့ဝင် ၂,၅၀ဝ ခန့်ရှိနေပြီး တပ် ဖွဲ့ဝင် ဆက်ထားမည့် အရေအတွက် ကိုမူ ကန်သမ္မတဘက်က ထုတ်ဖော်ပြော ကြားခဲ့ခြင်းမရှိဘဲ ယခုကိစ္စသည် အီရတ် ခေါင်းဆောင်များနှင့် ထိတွေ့ ဆက်ဆံမှု ကို အဆုံးသတ်ခြင်းမျိုး၊ အီရတ်တွင် အမေရိကန်တပ်ဖွဲ့များရှိနေမှုနှင့် မိတ် ဖက် ဆောင်ရွက်မှုများကို ဖယ်ရှားလိုက် ခြင်းမျိုးမဟုတ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ Jen Psaki က ပြောကြားထားသည်။
ရဲခေါင်(ref; Reuters)