လှိုင်းဘွဲ့ ဇူလိုင် ၂၇
ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၂၅ ရက် ညနေ ၃ နာရီခွဲတွင် လှိုင်းဘွဲ့မြို့နယ် ထီလုံကျေးရွာအုပ်စု ထီလုံကျေးရွာ အောင်သုခလမ်းနှင့် ကုန်ထုတ်လမ်းထောင့်ရှိ ကိုရခိုင်(ခ) ကျော်လွင်ဦး၏ နေအိမ်ကို ရှာဖွေရာ ယင်းအား မတွေ့ရှိဘဲ ဇနီးဖြစ်သူ မသန်းသန်းဌေးကို တွေ့ရှိရပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၄၂၀၀ ကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့ အမှတ်(၁၅)ရပ်ကွက်ကြီး မြို့ရှောင်လမ်း ဖောင်းတောကျေးရွာ အနီးတွင် အောင်မိုးမောင်းနှင်ပြီး မအိချိုထွေးလိုက်ပါလာသည့် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀ နှင့် စိတ်ကြွ ရူးသွပ် ဆေးပြား အကြေမှုန့် သုည ဒသမ ၇၂ ကီလိုကိုလည်းကောင်း၊ ဇူလိုင် ၂၄ ရက် ညနေ ၃ နာရီခွဲတွင် ရပ်စောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်စောက်မြို့နယ် ပင်ဖြစ်-ဝါးပြားသွား ကားလမ်း ယမ်းတွင်းငါကြောင် ကျေးရွာအုပ်စု မြေနီကုန်းကျေးရွာ တံတားအနီးတွင် ဇင်သူမောင်းနှင် လာသည့် ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၄၀၀၀ ကို လည်းကောင်း၊ ဇူလိုင် ၂၅ ရက် ညနေ ၅ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံမြို့နယ် ပြိန်းရဲကျေးရွာအုပ်စု တုံကျက်ကျေးရွာ အနီးတွင် ကွမ်စိန်မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေ ရာ ဘိန်းဖြူ အလေးချိန် သုည ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ယင်း တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဆွေဦး