တိုကျို၊ ဇူလိုင် ၂၇
ဂျပန်နိုင်ငံတွင် ဒုက္ခသည် အသိအမှတ်ပြုမှုဆိုင်ရာ စနစ် တိုးတက်လာရေးအတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ထံမှ အကြံဉာဏ်များ ရယူနိုင်ရေးကို ဂျပန်အစိုးရက ပြင်ဆင်နေကြောင်း NHK သတင်းက ဖော်ပြပါတယ်။ ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာန၏ မဟာမင်းကြီး Sasaki Shoko နှင့် ဂျပန်ဆိုင်ရာကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးဌာနေ ကိုယ်စားလှယ် Karen Farkas တို့က ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း နားလည်မှု စာချွန်လွှာတစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။
လူမျိုး၊ နိုင်ငံရေး ယုံကြည်ချက် သို့မဟုတ် အခြားသောအကြောင်း များကြောင့် ဌာနေပြန်ပါက နှိပ်စက် ညှဉ်းပန်းခံရနိုင်ခြေရှိသည့် နိုင်ငံခြား သားများကို ကုလသမဂ္ဂ၏ဒုက္ခသည် ဆိုင်ရာ သဘောတူညီချက်အရ ဒုက္ခ သည်အဖြစ် ဂျပန်က အသိအမှတ်ပြု ထားကာ ပြီးခဲ့သည့်နှစ်က ဂျပန်နိုင်ငံ တွင် နိုင်ငံရေးခိုလှုံခွင့်ရရေး ကြိုးစား သူများ၏ ၁ ရာခိုင်နှုန်းလောက်ကို သာ ဂျပန်က နိုင်ငံရေးခိုလှုံခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ၏ စံနှုန်းသတ်မှတ် ချက်များသည် အနောက်နိုင်ငံများ နှင့်ယှဉ်ပါက ပိုမိုတင်းကြပ်သဖြင့် UNHCR နှင့် ဂျပန်အနေဖြင့် လက်မှတ် ရေးထိုးလိုက်သည့် နားလည်မှုစာချွန် လွှာတွင် ဂျပန်၏ စံနှုန်းသတ်မှတ် ချက်များကို ပိုမိုရှင်းလင်းစေရန် UNHCR ၏ သဘောထားကိုရယူသွား မည်ဖြစ်ကြောင်း သိရသည်။
ရဲခေါင် (ref;Reuters)