အဘူဂျာ၊ ဇူလိုင် ၂၇
ဇူလိုင်အစောပိုင်းက နိုင်ဂျီးရီးယား မြောက်ပိုင်းရှိ အထက်တန်းကျောင်းမှ ပြန်ပေးဆွဲခဲ့သည့် ကလေးငယ် ၁၂၁ ဦး အနက် ၂၈ ဦးကို သေနတ်သမားများက ပြန်လွှတ်ပေးခဲ့ကြောင်း အဆိုပါကျောင်း တာဝန်ရှိသူများက ပြောသည်။ အဆိုပါ တိုက်ခိုက်ပြန်ပေးဆွဲမှုမှာ ဇူလိုင် ၅ ရက်က နိုင်ငံအနောက် မြောက်ပိုင်း ကန်ဒူနာပြည်နယ်ရှိ ဘီသဲလ်ဘက် ပတစ် အထက်တန်းကျောင်းမှ ကျောင်းသားများကို အိပ်ဆောင်များ တွင် အိပ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
အဆိုပါ ပြန်ပေးဆွဲမှုမှာ နိုင်ဂျီးရီးယားမြောက်ပိုင်းနှင့် နိုင်ဂျီးရီးယား အလယ်ပိုင်းတွင် နွားများကို လုယက် ခြင်း၊ ခိုးယူခြင်းနှင့် ရွေးနုတ်ရန်အတွက် ပြန်ပေးဆွဲခြင်းတို့ဖြင့် လူသိများသော လက်နက်ကိုင် ဓားပြဂိုဏ်းများ၏ နောက်ဆုံးပြန်ပေးဆွဲသည့် ဖြစ်ရပ် ဖြစ်ပြီး ယင်းဂိုဏ်းများမှာ ယခုအခါ ကျောင်းများနှင့် ကောလိပ်များကို ပစ်မှတ်ထားလာခဲ့သည်။
လက်ရှိအချိန်တွင် လွှတ်ပေး လိုက်သော ကျောင်းသား ၂၈ ဦးကို ယင်းတို့၏မိဘများနှင့် ပြန်လည် ပေါင်းစည်းစေခဲ့သော်လည်း ကလေး ၈၇ ဦးကိုမူ ဆက်လက်ဖမ်းထားဆဲဖြစ် ကြောင်း သိရသည်။ ရဲခေါင် (ref; AFP)