နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံရေးအတိုက်အခံ အဖွဲ့များနှင့် စေ့စပ်ဆွေးနွေးမည်ဖြစ်ကြောင်း ဗင်နီဇွဲလား ကြေညာ

ကရာကတ်စ်၊ ဇူလိုင် ၂၇


နော်ဝေနိုင်ငံ၏  ကြားဝင်စေ့စပ် ပေးမှုအရ  နိုင်ငံရေးအတိုက်အခံ အဖွဲ့များနှင့် လာမည့်သြဂုတ်လတွင် မက္ကဆီကိုနိုင်ငံ၌   တွေ့ဆုံဆွေးနွေးမှု စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ Nicolas Maduro က ပြောကြားလိုက်သည်။ 


ယင်းလုပ်ရပ်ကို  အမေရိကန် ပြည်ထောင်စုကလည်း  သဘောတူ ကြိုဆိုမည်ဟု မျှော်လင့်ကြောင်း၊ ယခုကိစ္စကို လုပ်ဆောင်ရခြင်းမှာ လည်း ဗင်နီဇွဲလားနိုင်ငံအနေဖြင့် နိုင်ငံရေး   အကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် အတိုက် အခံများဘက်က ပြီးခဲ့သည့် မေလ ကပင်  နည်းဗျူဟာပြောင်းလဲခဲ့ပြီး တွေ့ဆုံညှိနှိုင်းလိုသည့် ကမ်းလှမ်းမှု များကြောင့်ဖြစ်ကြောင်း  Nicolas Maduro က ပြောသည်။ 


ဗင်နီဇွဲလားနိုင်ငံတွင်   သမ္မတ Maduro  အာဏာရလာသည့် ၂၀၁၃ မှစ၍ စီးပွားရေးကျဆင်းလာခဲ့ခြင်းကြောင့် ပြည်တွင်းအတိုက်အခံများသာမက၊ အမေရိကန်နှင့် EU ဥရောပသမဂ္ဂ တို့ကပါ ယင်း၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ အဂတိလိုက်စားမှုနှင့် ၂၀၁၈ ရွေးကောက် ပွဲကို ပြန်လည်ကျင်းပ အနိုင်ယူခဲ့သည့် လှည့်ဖျားမှုများအပေါ် စွပ်စွဲပြစ်တင်လာကြကာ အဆိုပါစွပ်စွဲ ချက်မျာကိုမူ သမ္မတ Maduro က ငြင်းဆိုထားသည်။ Maduro အနေဖြင့် သိသာတိုးတက်ပြီး လွတ်လပ်မျှတ သည့် ရွေးကောက်ပွဲကို ဦးတည်စေမည့် အတိုက်အခံများနှင့် တွေ့ဆုံဆွေးမှုမျိုး လုပ်မည်ဆိုပါက Maduro အစိုးရပေါ် ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်ရုပ်သိမ်းရေးကို စဉ်းစားမည်ဖြစ် ကြောင်း အမေရိကန်၊ ဘယ်လ်ဂျီယံနှင့် ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများက ပြီးခဲ့သည့် ဇွန်လတွင် ပြောကြားခဲ့ သည်။

မျိုးဝင်း (ref; AP)






အခြားဆက်စပ်သတင်းများ