ဘန်ကောက်၊ ဇူလိုင် ၂၇
Covid 19 ကူးစက်မှု ပြန်မြင့်တက် လာသည့် ထိုင်းနိုင်ငံတွင် COVID-19 လူနာကုသရေး အသုံးပြုရန် ထိုင်း အစိုးပိုင် ဆေးဝါးဖေါ်စပ်ရေးဌာန GPO က ထုတ်လုပ်သည့် Favipiravir ဆေးပြားကို အသုံးပြုနိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးစီမံခန့်ခွဲရေးဌာန FDA က အတည်ပြုလိုက်သည်။
ထိုင်းပြည်တွင်း ထုတ် Favipiravir ဆေးပြားသည် အခြားသော အာနိသင်တူသည့် နိုင်ငံခြားထုတ် ဆေးများထက် ဈေးနှုန်းထက်ဝက် သက်သာကြောင်း ထိုင်းဆေးဝါးထုတ်အေဂျင်စီ GPO ၏ ဆေးပညာကျွမ်းကျင်သူ Nantakarn Suwanpitakkun က ပြောသည်။
လတ်တလော ထိုင်းနိုင်ငံ၏ Covid ကုသရေးမှာ နေ့စဉ် Favipiravir ဆေးပြား (၃)သိန်းခန့် လိုအပ်နေပြီး တလစာအတွက် ဆေးပြား(၉)သန်း နီးပါးကို သုံးနေရခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ဧပြီလအစောပိုင်းတွင် စတင်လာသည့် ထိုင်းနိုင်ငံ၏ Covid တတိယလှိုင်းအတွင်း ကပ်ရောဂါ ကုသရေးအပိုင်းတွင် ဆေးဝါးလိုအပ် ချက်ရှိနေခြင်းကြောင့် ထိုင်း အစိုးရက ပြည်ပမှ Covid -19 ကာကွယ်ဆေး ၅ ဒသမ၅ သန်း ဝယ်ယူခဲ့ရသဖြင့် လက်ရှိတွင် ပြည်တွင်းထုတ် ကာကွယ်ဆေးပြား များဖြင့် ကုသရေးအပိုင်းကို ပိုမို လုပ်ဆောင်မည်ဖြစ်ကြောင်း သိရ သည်။ ထိုင်းနိုင်ငံတွင် လက်ရှိအချိန်ထိ Covid ကြောင့်သေဆုံးသူ (၄,ဝ၅၉)ဦး ရှိပြီး လူဦးရေ သန်း(၇၀)နီးပါးရှိသည့် ထိုင်းနိုင်ငံအတွင်း ပြည်သူများကို ကာကွယ်ဆေး(၁၅)သန်းကျော် ထိုးနှံ ထားပြီးဖြစ်သည်။ မျိုးဝင်း(ref;AP)