နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid -19 ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသူများသာပရီးမီးယားလိဂ်ကွင်းအတွင်း ဝင်ရောက်ခွင့်ပြုမည်ဟု ဗြိတိန်အစိုးရ ပြော

လန်ဒန်၊ ဇူလိုင် ၂၇


ဗြိတိန်နိုင်ငံအစိုးရ၏  အစီအစဉ်အရ Covid-19 ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီးထားသူများသာ ပရီးမီးယား လိဂ်ပွဲစဉ်များနှင့် ပရိသတ်နှစ်သောင်း ကျော်ပါသည့် အခြားပွဲများကို ကြည့်ရှု တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်သည်။ 


ယင်းအစီအစဉ်ကို    လာမည့် အောက်တိုဘာလတွင် စတင်မည်ဖြစ် ပြီး နိုက်ကလပ်များမှစ၍ အားကစားရုံ များအဆုံး ကာကွယ်ဆေးအသုံးပြုမှု ကိုတိုးချဲ့ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ ယခု ပရီးမီးယားလိဂ်ပြိုင်ပွဲ ကျင်းပသည့် ကွင်းထဲသို့  ကာကွယ်ဆေးနှစ်ကြိမ် တိုင်တိုင်ထိုးနှံရခြင်း မခံရသေးသူများ ကို ဝင်ရောက်ခွင့် ပိတ်ပင်ခြင်း ရှိ/မရှိ ကိစ္စကိုလည်း  ကနဦးအဆင့်တွင် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ 


Covid-19 ဖြစ်ပွားမှု များပြားလာ ခြင်းကိုလျှော့ချရန် ကြိုးပမ်းမှုအဖြစ် ဝန်ကြီးအနေဖြင့် ကာကွယ်ဆေးထိုး ပြီးသူများကို ထိုးပြီးကြောင်း ပတ်စ်ပို့စ် ထုတ်ပေးမည်ဖြစ်ပြီး ယင်းပတ်စ်ပို့ ကို အဆင့်နိမ့်ပြိုင်ပွဲများနှင့် အခြား အားကစားများသို့  ဝင်ရောက်ခွင့် တွင်လည်း အသုံးပြုမှုတိုးချဲ့နိုင်မည် ဖြစ်ကြောင်း သိရသည်။

 

အပြီးသတ် ဆုံးဖြတ်ချက်များ မချရသေးသော် လည်း လူပေါင်း ၂၀ဝ၀ဝ နှင့် အထက် ရှိနိုင်သည့် ပွဲများအတွက် ကာကွယ်ဆေးပတ်စ်ပို့များ ထုတ်ပေး နိုင်ခြင်း ရှိ/မရှိကို လက်ရှိတွင် ဆွေးနွေး လျက် ရှိကြောင်း သိရသည်။                                ရဲခေါင် (ref;AP)






အခြားဆက်စပ်သတင်းများ