မော်လမြိုင် ဇူလိုင် ၂၆
မွန်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေများ ကျဆင်းလာ မှုကြောင့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ရေကျော်ဝင်ရောက် မှုများဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူ အသုံးပြုသော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော် ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ ဇူလိုင် ၂၅ ရက်၊ မွန်းလွဲပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ ဝင်များက လိုအပ်သည့်ကူညီ ကယ် ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးသည်။
တောင်ကျချောင်းရေ ကျဆင်းမှု ကြောင့် မွန်ပြည်နယ်၊ ချောင်းဆုံ မြို့နယ်၊ သက္ကောကျေးရွာအဝင် ကားလမ်း၊ မုဒုံမြို့နယ်အတွင်း နှီးပဒေါချောင်း ရေလျှံမှုကြောင့်နှီးပဒေါ ကျေးရွာအနီးရှိ သံဖြူဇရပ်-မုဒုံသွား ကားလမ်းမကြီးနှင့် ရေးမြို့နယ်၊ ဟံဂံချောင်း ရေလျှံမှုကြောင့် ကိုးမိုင် ကျေးရွာအနီးရှိ မော်လမြိုင်-ထားဝယ် သွားကားလမ်းမတို့၌ ရေအနက် ၁ ပေခန့်မှ ခန့်မှန်း ၂ ပေခွဲခန့်အထိ ရေကျော်ဝင်ရောက်မှု ဖြစ်ပွားခဲ့ပြီး မော်တော်ယာဉ်များ သွားလာနိုင်မှုမရှိ သဖြင့် အများပြည်သူ ဘေးအန္တရာယ် ကင်းလွတ်စေရေးအတွက် လမ်းပိတ် ဆို့မှုဖြစ်ပွားသော နေရာများ၌ လိုအပ် သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။ ဆွေဦး