နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗလီတွင် ဝတ်ပြုခွင့်မရသည့် အစ္စလာမ်ဘာသာဝင်များကို ခရစ်ယာန်ဘုရားကျောင်းအတွင်း ဝတ်ပြုခွင့်ပေး

မေ  ၂၃၊  ဘာလင်

တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေး စည်းမျဉ်းများကြောင့် ဗလီများတွင် ဝတ်ပြုနိုင်ခြင်းမရှိသည့် အစ္စလာမ် ဘာသာဝင်များကို ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှ ခရစ်ယာန်ဘုရားကျောင်းတစ်ခုက ဘုရားကျောင်းအတွင်း ဝတ်ပြုခွင့်ပေးခဲ့သည်။

ဂျာမနီနိုင်ငံတွင် မေလ ၄ ရက်မှစတင်၍ ဘာသာရေးဝတ်ပြုဆုတောင်းမှုများ ပြန်လည်ခွင့်ပြုပေးခဲ့သော်လည်း ဝတ်ပြုသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ၅ ပေ အကွာတွင် နေရမည်ဟု သတ်မှတ်ခဲ့သည်။ ထို့ကြောင့် ဘာလင်မြို့၊ နူကိုလန်ခရိုင်ရှိ ဒါအက်ဆာလမ်ဗလီမှာ ဝတ်ပြုသူ အနည်းငယ်ကိုသာ ဝတ်ပြုခွင့်ပေးနိုင်ခဲ့သည်။ သို့သော် ဥပုသ်လအကုန်တွင် သောကြာနေ့ ဝတ်ပြုသူများကို ဘုရားကျောင်းအတွင်း ဝတ်ပြုခွင့်ပေးမည်ဟု မာသာလူသီရန်ဘုရားကျောင်းက ကမ်းလှမ်းခဲ့သည်။

''ကြီးမြတ်တဲ့လက္ခဏာတစ်ခုပါ။ ဥပုသ်လထဲမှာ၊ ဒီကပ်ဘေးထဲမှာ ပျော်စရာတွေယူပေးခဲ့တယ်။ ဒီကပ်ဘေးက ကျွန်တော်တို့က လူမှုအသိုက်အဝန်းတစ်ခုဖြစ်စေခဲ့တယ်။ အကြပ်အတည်းတွေက လူတွေကို ပိုစည်းလုံး စေတယ်''ဟု ဗလီဆရာတစ်ဦးက ပြောသည်။

ဘုရားကျောင်းအတွင်း တူရိယာပစ္စည်းများ၊ ဓာတ်ပုံများ ရှိနေခြင်းကြောင့် ထူးဆန်းသကဲ့သို့ ခံစားမိ သော်လည်း အသေးစိတ်ကိစ္စများကို မေ့ထားပါက ခရစ်ယာန်ဘုရားကျောင်းမှာလည်း ဘုရား၏ အိမ်တစ်လုံး ဖြစ်သည် ဟု မှတ်ယူမိကြောင်း ဝတ်ပြုသူ အစ္စလာမ်ဘာသာဝင် တစ်ဦးက ပြောသည်။      

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ