နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုကျိုအိုလံပစ်၏ ပထမဆုံး ရွှေတံဆိပ်ကို တရုတ်အားကစားမယ် ယန်ချန်း ဆွတ်ခူး

တိုကျို၊ ဇူလိုင် ၂၆


တိုကျိုအိုလံပစ်  ပြိုင်ပွဲများ၏ ပထမဆုံးရွှေတံဆိပ်ဆုကို တရုတ်အား ကစားမယ် ယန်ချန်းက အမျိုးသမီး ၁၀ မီတာ ရိုင်ဖယ်ပစ်ပြိုင်ပွဲတွင် ဆွတ်ခူး ခဲ့သည်။ ယန်ချန်းသည် ၂၅၁ ဒသမ ၈ မှတ်နှင့် စံချိန်တင်ပြီး ရွှေတံဆိပ်ဆု ရခဲ့ခြင်း ဖြစ်သည်။ 


ငွေတံဆိပ်ဆုကို ရုရှားပြိုင်ပွဲဝင် နှင့် ကြေးတံဆိပ်ဆုကို ဆွစ်ဇာလန် နိုင်ငံတို့က အသီးသီးဆွတ်ခူးခဲ့ကြသည်။ ယန်ချန်း၏ ရွှေတံဆိပ်ဆု ဆွတ်ခူးမှု ကြောင့် တရုတ်နိုင်ငံတော် သီချင်းသည် တိုကျိုအိုလံပစ်ပွဲ တွင် ပထမဆုံးဖွင့်သည့် နိုင်ငံတော်သီချင်းဖြစ်ခဲ့ပြီး ကပ်ရောဂါ ကြောင့် ရွှေတံဆိပ်ဆုရှင်များကိုယ်တိုင် မိမိရရှိသည့်ဆုကို ဆင်မြန်းခဲ့ရသည်။ 


ယန်ချန်း ရွှေတံဆိပ်ဆုဆွတ်ခူး ပြီးနောက်တွင် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော် ကောင်စီတို့၏ ကိုယ်စားတရုတ် ဒုဝန်ကြီးချုပ်  ဆွန်းချွန်းလန်က တရုတ်အားကစားသမားအဖွဲ့ထံ ဂုဏ်ပြုစကားပေးပို့ခဲ့သည်။ 


Covid ကပ်ရောဂါ ဖြစ်ပေါ်နေပြီး ရာစုနှစ်အတွင်း စံချိန်တင်ရေကြီးမှု များ ဟီနန်ပြည်နယ်တွင် ကြုံတွေ့ နေရချိန်တွင် အိုလံပစ်ပွဲ၏ ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းမှာ တရုတ်ပြည်သူများအတွက် အားပေးရာ ရောက် ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်က ပြောသည်။          မျိုးဝင်း (ref; Reuters)






အခြားဆက်စပ်သတင်းများ