ဆန်တီယာဂို၊ ဇူလိုင် ၂၆
ချီလီနိုင်ငံက နိုဗယ်ကိုရိုနာရောဂါ (COVID-19) ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားသည့် နိုင်ငံသားနှင့် နိုင်ငံခြား တွင် နေထိုင်သူများကို နိုင်ငံရပ်ခြားမှ ပြန်လာလိုပါက ဇူလိုင် ၂၆ ရက် မှစ၍ နယ်စပ်များကို ဖွင့်လှစ်ပေးမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါဌာနအနေဖြင့် ချီလီနိုင်ငံ၏ နယ်စပ်များတွင် ရောဂါကူးစက်မှု အသစ်များ ထိန်းချုပ်ခြင်း၊ ရောဂါ စမ်းသပ်ခြင်းနှင့် ကြီးကြပ်ခြင်း များ အတွက် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
နိုင်ငံပြင်ပသို့ ခရီးသွားခြင်းအတွက် ချီလီနိုင်ငံသားနှင့် နိုင်ငံခြားသားနေထိုင် သူများအနေဖြင့် ကာကွယ်ဆေးအပြည့် အဝထိုးနှံပြီးကြောင်း အတည်ပြုထား သည့် ကာကွယ်ဆေး ပတ်စ်ပို့နှင့်အလား သဏ္ဍာန်တူသော ရွေ့လျားဖြတ်သန်း ခွင့်လက်မှတ်လည်း လိုအပ်မည်ဖြစ် ကြောင်းသိရသည်။ ထို့အပြင် ချီလီနိုင်ငံ သို့ ဝင်ရောက်လာသူ မည်သူမဆို ၁၄ ရက်တာ ကာလအတွက် ရောဂါ လက္ခဏာ အစီရင်ခံစာအား မဖြစ်မနေ ဖြည့်သွင်းရမည်ဖြစ်ကြောင်း သိရ သည်။ ချီလီနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 အတည်ပြုလူနာ သစ် ၁,၈၆၁ ဦးနှင့် ထပ်မံသေဆုံးသူ ၁၈၁ ဦး ရှိခဲ့ရာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁,၆၀၄,၇၁၃ ဦး အထိ မြင့်တက်လာခဲ့ကြောင်းနှင့် ကပ်ရောဂါ ဖြင့် စုစုပေါင်း သေဆုံးသူဦးရေ ၃၄,၇၉၂ ရှိကြောင်း သိရသည်။
မျိုးဝင်း (ref;Xinhua)