ကွာလာလမ်ပူ၊ ဇူလိုင် ၂၆
သုံးလကြာ လော့ခ်ဒေါင်းကာလ အဆုံးသတ်ကာနီးအချိန်တွင် မလေးရှား နိုင်ငံ၏ နေ့စဉ် Covid-19 ကူးစက်မှုမှာ ပြန်လည် မြင့်တက်လာကြောင်းသိရ သည်။ ပြီးခဲ့သည့် ဇူလိုင် ၂၄ ရက်နေ့တွင် ကူးစက်ခံရမှုပေါင်း ၁၅,၉၀၂ ခုရှိခဲ့သဖြင့် ဒုတိယမြောက်ဆက်တိုက် တစ်နေ့တာအမြင့်ဆုံးကူးစက်ခံရသူအရေအတွက်သို့ ရောက်ရှိခဲ့သည်။
ထို့ပြင် ဇူလိုင် ၂၅ ရက် ကိန်းဂဏန်း များအရလည်း စံချိန်တင်မြင့်မားခဲ့ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်က အစီရင်ခံခဲ့ သည့် ကူးစက်မှုအရေအတွက် ၁၅၅၇၃ ခုထက် ပိုမိုများပြားလာနေပြီဖြစ် ကြောင်း သိရသည်။ လက်ရှိ မလေးရှား နိုင်ငံအတွင်း၌ Covid တတိယလှိုင်းကြောင့် နိုင်ငံအနေဖြင့် ကူးစက်ခံရသူ တစ်သန်းအမှတ်ကို ကျော်ဖြတ်ရန် တစ်ရက်သာလိုတော့ သည့်အနေအထားသို့ ရောက်နေပြီ ဖြစ်သည်။
မလေးရှား၏ လူဦးရေအထူထပ် ဆုံး ဒေသဖြစ်သည့် ကလမ်ချိုင့်ဝှမ်း တွင် ကူးစက်ဖြစ်ပွားမှု အများဆုံး ဖြစ်ပြီး ဆက်လက်ကူးစက်ဖြစ်ပွား လျက်ရှိနေပြီး ကလမ်ချိုင့်ဝှမ်းဖြစ်သော ဆီလန်ဂေါနှင့် ကွာလာလမ်ပူတို့တွင် ကူးစက်ဖြစ်ပွားမှု ၁၀,ဝ၀ဝ နီးပါးကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ကူးစက်ခံရမှု စုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းခန့်ရှိနေ ပြီဖြစ်သည်။
မျိုးဝင်း (ref; Reuters)