နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်အိုလံပစ် ထိပ်တန်းဂျွမ်းဘားသမား လက်ချော်ပြီး ဘာတန်းအမြင့်မှ ပြုတ်ကျ

တိုကျို၊ ဇူလိုင် ၂၆


ဂျပန်နိုင်ငံက ထိပ်တန်း အမျိုးသား ဂျွမ်းဘားသမား Kohei Uchimura သည် တိုကျိုအိုလံပစ်ပြိုင်ပွဲအတွင်း သရုပ်ပြ ကစားနေချိန် ဖမ်းဆုပ်ထား သည့် ဘားတန်းအမြင့်မှ လက်ချော် ထွက်ပြုတ်ကျခဲ့ပြီးနောက် ပြိုင်ပွဲများမှ အနားယူမည့်သဘော ရှိနေကြောင်း သိရသည်။ 


အသက် ၃၂ အရွယ်ရှိ ကစားသမား Uchimura သည် နှစ်ပေါင်း အတော်ကြာ ပြိုင်ပွဲတိုင်းတွင် အနိုင်ရ ချန်ပီယံဖြစ်ခဲ့သော်လည်း ယခု အိုလံပစ် ပြိုင်ပွဲတွင် မတော်တဆပြုတ်ကျခဲ့ ခြင်းကြောင့် ပြိုင်ပွဲမှထွက်ရတော့မည် ဖြစ်သည်။ 

ယခုကဲ့သို့  တိုကျိုအိုလံပစ်ပွဲ စတင်နေချိန် Nepartak အပူပိုင်း မုန်တိုင်းကလည်း ဂျပန်နိုင်ငံကို ဦးတည်လာနေပြီး လေပြင်းတိုက်၊ မိုးကြီးမည့်အန္တရာယ် ရှိခြင်းကြောင့် အချို့ လှေလှော်ပြိုင်ပွဲများကို နဂို အစီအစဉ်ထက် စောပြီးကျင်းပသွားရန် အိုလံပစ်ကော်မတီ တာဝန်ရှိသူများက စီစဉ်ထားကြောင်း သိရသည်။ လက်ရှိ အိုလံပစ်ပွဲအတွင်း အသက်အငယ်ဆုံး (၁၂)နှစ်သာ ရှိသေးသည့် စားပွဲတင် တင်းနစ်ကစားသမား ဆီးရီးယား နိုင်ငံသူ Hend Zaza အနေဖြင့် အသက် (၃၉)နှစ်အရွယ်   တရုတ်နွယ်ဖွား သြစတြီးယားနိုင်ငံသူ Liu Jia ကို ပထမဆုံးပွဲမှာတင် ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲက ထွက်သွားရပြီဖြစ်သည်။

 ရဲခေါင် (ref; AFP)






အခြားဆက်စပ်သတင်းများ