ဝယ်လ်လင်တန်၊ ဇူလိုင် ၂၆
နယူးဇီလန်နိုင်ငံတွင် ဝန်ထမ်းများ အနေဖြင့် အနည်းဆုံး နာမကျန်းခွင့် ၁၀ ရက်တာ ခံစားခွင့်ပြုမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများရော ဝန်ထမ်း များပါ ယင်းခွင့်ခံစားခွင့် အကျိုးကျေးဇူး ရရှိမည်ဖြစ်ကြောင်း နယူးဇီလန် လုပ်ငန်းခွင်ဆက်ဆံရေးနှင့် ဘေးကင်း ရေးဝန်ကြီး Michael Wood က ပြောကြားခဲ့သည်။
အဆိုပါ ဆောင်ရွက်ချက်သည် “နယူးဇီလန် နိုင်ငံသားများနှင့် လုပ်ငန်းခွင် ကျန်းမာရေးအထောက် အကူဖြစ်စေရန်” ရည်ရွယ်ကြောင်း Wood က ထုတ်ပြန်ချက်၌ ပြောကြား ထားသည်။ ကျန်းမာပြီး ကောင်းစွာ အနားယူမှုရှိသည့် လုပ်သားအင်အား ရှိခြင်းက စီးပွားရေးလုပ်ငန်းများအား အထောက်အကူပြုသလို လေ့လာမှု များကလည်း ဖျားနာနေစဉ် အလုပ် လုပ်သူများမှာ အလုပ်ပြီးမြောက်နိုင် စွမ်းအား ၂၀ ရာခိုင်နှုန်း လျော့နည်း ကြောင်းနှင့် ကျန်းမာသော ဝန်ထမ်း များကမူ အလုပ်ပြီးမြောက်နိုင်စွမ်း အား သုံးဆပိုကြောင်း အကြံပြုထား သည်။ ဝန်ထမ်းများ အနေဖြင့် ၎င်းတို့၏ လုပ်သက်များအရ လာမည့်နှစ်အတွင်း မတူညီသော အချိန်ကာလများ၌ ခံစားခွင့် တိုးမြှင့်ရရှိမည်ဖြစ်ကြောင်း ယင်းက ဆိုသည်။
ဝန်ထမ်းသစ်များအနေဖြင့်မူ လုပ်ငန်းတစ်ခု၌ အချိန် ၆ လကြာ လုပ်ကိုင်ပြီးနောက် အနည်းဆုံး နာမကျန်းခွင့် ၁၀ ရက် ခံစားခွင့်ရှိ မည်ဖြစ်ကြောင်း၊ လက်ရှိတွင် အသုံး မပြုထားသော မည်သည့်နာမကျန်း ခွင့်ကိုမဆို အများဆုံးခံစားခွင့်မှာ တစ်နှစ်လျှင် ရက် ၂၀ ဖြစ်ကြောင်း ဝန်ကြီး၏ပြောကြားချက်အရ သိရ သည်။ ရဲခေါင် (ref;BBC)