နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယဉ်ကျေးမှုမှသည်

လူသည် သတ္တလောကတွင် အရာရာကို ချုပ်ကိုင်ထားပြီး မိမိတို့လိုလားရာကို စိတ်တိုင်းကျခံစားနိုင်သော သတ္တဝါတစ်မျိုး အဖြစ်ရပ်တည်နိုင်ခြင်းမှာ အခြားသောသတ္တဝါများထက် ယဉ်ကျေးသောကြောင့်ဖြစ်သည်။ မြန်မာတို့အစဉ်အလာအရ ဝတ်စားဆင်ယင် ပြောဆိုကျင့်ကြံနေထိုင်မှုအားလုံးသည် မြန်မာမှု မြန်မာ့ယဉ်ကျေးမှုပင်ဖြစ်သည်။ 


ကျွန်ုပ်တို့ မြန်မာလူမျိုးတို့သည် ရေ၊ မြေ၊ တော၊ တောင်မတူ သောကြောင့် တိုင်းရင်းသားလူမျိုးတစ်စုစီ၏ ရိုးရာဓလေ့ထုံးစံမှာ အနည်းငယ်ခြားနားမှုရှိသော်လည်း တစ်အူတုံဆင်း ညီအစ်ကို မောင်နှမများဖြစ်၍ အမျိုးသားယဉ်ကျေးမှု အတူတူပင်ဖြစ်သည်။


ယဉ်ကျေးမှုဟုဆိုလျှင် စား၊ ဝတ်၊ နေ၊ ရေး အရေးသုံးပါးမှအစ စာပေ၊ ဘာသာစကား၊ အနုပညာ စသည်တို့ အကျုံးဝင်ပါသည်။ ထိုယဉ်ကျေးမှုဟူသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီနိုင်ပါ။ ရာသီဥတုအခြေအနေ၊ ပထဝီအနေအထားအရ ပြောင်းလဲတတ် သည့် သဘောရှိသည်။ နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး တည်တံ့ ရေးသည် ယဉ်ကျေးမှုဟူသော မဏ္ဍိုင်တွင် များစွာမူတည်သည်။


မြန်မာအဘိဓာန်အကျဉ်းချုပ်တွင် မြန်မာ့ယဉ်ကျေးမှုကို သိမ်မွေ့ပြေပြစ်သော အပြုအမူ၊ လူမှုအဆင့်အတန်း၊ ပြောင်းလဲ တိုးတက်လာစေသော၊ တတ်သိလိမ္မာမှုဟု အဓိပ္ပာယ်ဖွင့်ဆိုထား သည်။ ရိုးရာယဉ်ကျေးမှုဆိုသည်မှာ ဘိုးဘွားဘီဘင်တို့လက်ထက်မှ စ၍ ယနေ့အထိ ဆက်ဆံကျင့်သုံးခဲ့သော ဓလေ့ထုံးစံတို့ကို ဆိုလို ခြင်းဖြစ်သည်။


ကျွန်ုပ်တို့ မြန်မာလူမျိုးများတွင် အခြားလူမျိုးများထက် ထူးခြားမွန်မြတ်သော ရိုးရာယဉ်ကျေးမှုများစွာရှိသည်။ မြန်မာတို့ သည် ယဉ်ကျေးကြသည်၊ သိမ်မွေ့ကြသည်၊ ဘာသာတရား ကိုင်းရှိုင်းကြသည်။ သူတစ်ပါးအပေါ်တွင် စေတနာထားသည်။ ကူညီတတ်ကြသည်။ အားနာတတ်သည်။ မြန်မာတို့သည် ငွေကြေး မချမ်းသာကြသော်လည်း မေတ္တာစေတနာချမ်းသာကြသည်။ ဤကဲ့သို့ ထူးခြားမှုများကြောင့် ကမ္ဘာမှာ ထူးခြားသောနိုင်ငံအဖြစ် ထင်ပေါ်လာသည်။ ယင်းကဲ့သို့သော ယဉ်ကျေးမှုတစ်ရပ်၌ပင်လျှင် နှိမ့်ချတတ်ခြင်းသည် အရေးကြီးသော အရည်အသွေးတစ်ရပ်ဖြစ် သည်။ နှိမ့်ချတတ်အောင် သင်ယူခြင်းသည် စိတ်ပိုင်းအဆန်ဆုံး အစဉ်အလာများ၌  အရေးအကြီးဆုံးဖြစ်သည်။ နှိမ့်ချတတ်ခြင်း သည် အခြားသူများနှင့် ဆက်ဆံရေးကို ပိုမိုပြည့်စုံစေမှုနှင့် ပိုမို ကောင်းမွန်စေမှုကို ဖြစ်စေသည့်အပြင် မိမိအပေါ်လေးစားမှုကို လည်း ပိုမိုရရှိနိုင်သည်။ 


မည်သို့ပင်ဖြစ်စေ လူသည်တစ်ဦးတည်းနေ၍ ရသည့်သတ္တဝါ မဟုတ်ဘဲ အခြားသူများနှင့် ဆက်ဆံရသောကြောင့် လူလူချင်း ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် ရေရှည်တည်တံ့ရန်အတွက် နှိမ့်ချ တတ်ခြင်းသည် လူသားများအတွက် မရှိမဖြစ် လိုအပ်သည်ဟု ဆိုလိုချင်ပါကြောင်း။






အခြားဆက်စပ်သတင်းများ