နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါကစ္စတန်လေယာဉ်ပျက်ကျမှုဖြစ်စဉ်ကို အသက်ရှင်လွတ်မြောက်သူ ထုတ်ပြော

မေ  ၂၃၊ အစ္စလာမ်မာဘတ်

ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့မှ လေယာဉ်ပျက်ကျမှုတွင် အသက်ရှင်လွတ်မြောက်ခဲ့သူက ယင်းကြုံတွေ့ခဲ့ သည့် ဖြစ်စဉ်ကို ထုတ်ပြောခဲ့သည်။

ပါကစ္စတန်နိုင်ငံတကာလေကြောင်းလိုင်း(PIA)မှ Airbus A320 လေယာဉ်မှာ လူနေထိုင်ရာ ပတ်ဝန်းကျင်သို့ ပျက်ကျခဲ့ရာ လူ ၉၇ ဦး သေဆုံးခဲ့ပြီး ခရီးသည် မူဟမ်မတ်ဇူဘိုင်ယာအပါအဝင် အနည်းဆုံး ခရီးသည်နှစ်ဦး အသက်ရှင်လွတ်မြောက်ခဲ့သည်။ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို မသိရသေးပေ။ သို့သော် လေယာဉ်ဘီးချမရခဲ့ဖွယ်ရှိသည်ဟု မြို့ပြလေကြောင်းပျံသန်းရေးအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။

လူမှုကွန်ရက်ပေါ်မှ ဓာတ်ပုံများအရ အင်ဂျင်နှစ်ဖက်လုံးအောက်တွင် မီးလောင်ရာများ တွေ့ရပြီး လေယာဉ်ဘီးများကို မတွေ့ရပေ။ ပါကစ္စတန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချမှတ်ထားသည့် ပိတ်ဆို့မှုကို ဖြေလျှော့ပေးခဲ့ပြီးနောက် စီးပွားဖြစ် လေကြောင်းခရီးစဉ်များ ပြေးဆွဲခွင့်ပေးပြီးနောက် ရက်ပိုင်းအကြာတွင် လေယာဉ်ပျက်ကျခဲ့ခြင်းဖြစ်သည်။

Airbus A320 လေယာဉ်ပေါ်တွင် ခရီးသည် ၉၁ ဦးနှင့် အမှုထမ်းရှစ်ဦး လိုက်ပါလာခဲ့ပြီး ခရီးသည်အများစုမှာ လာမည့်တနင်္ဂနွေနေ့တွင် ကျရောက်မည့် အိဒ်နေ့မတိုင်မီ လာဟိုရီမြို့မှ ခရီးထွက်လာသူများဖြစ်သည်။ အဆိုပါလေယာဉ်မှာ ပြီးခဲ့သည့်သောကြာနေ့ ဒေသစံတော်ချိန် မွန်းလွဲ၂ နာရီခွဲအချိန်က ကရာချိမြို့ရှိ ဂျင်နက် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်ရန်ကြိုးပမ်းနေစဉ် ပျက်ကျခဲ့ခြင်းဖြစ်သည်။

''လေယာဉ်က ငြိမ့်ငြိမ့်ညောင်းညောင်း ပျံသန်းနေလို့ ဘယ်သူမှ ပျက်ကျမယ်လို့မထင်ခဲ့ကြဘူး။ ( လေယာဉ် ပျက်ကျပြီးတော့) နေရာစုံကနေ အော်သံတွေကြားရတယ်။ ကလေးသံတွေရော၊ လူကြီးသံတွေရော။ ကျွန်တော် မြင်ရတာကတော့ မီးတောက်တွေပဲ။ လူတွေကို မတွေ့ဘူး။ အသံတွေပဲ ကြားရတာပါ''ဟု မူဟမ်မတ်ဇူဘိုင်ယာ က ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ