နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုလံပစ်ပြိုင်ပွဲပြင်ဆင်နေခြင်းအပေါ် ဘေကျင်းဆောင်းရာသီ အိုလံပစ်ကော်မတီ တင်ပြ

ဘေကျင်း၊ ဇူလိုင် ၂၅

အပြည်ပြည်ဆိုင်ရာ အိုလံပစ် မျက်နှာစုံညီ အစည်းအဝေးတွင် ဘေကျင်း ဆောင်းရာသီအိုလံပစ် ကော်မတီက ဘေကျင်းတွင် ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေမှု လက်ရှိအခြေအနေများကို တင်ပြခဲ့ပြီး ယင်းပြိုင်ပွဲသည်  ကမ္ဘာ့အတွက် ရိုးရှင်းပြီး အန္တရာယ်ကင်းကာ အံ့အားသင့်ဖွယ် ကောင်းမည့် အိုလံပစ်ပွဲတော်ဖြစ်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြော ကြား ခဲ့သည်။ အစည်းအဝေးတွင် တင်ပြမှုများကို ဘေကျင်းဆောင်း ရာသီအိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌ  ယွီကျိုက်ချင်းနှင့် ဘေကျင်းဆောင်း ရာသီအိုလံပစ်ကော်မတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ကျန်းချန်းတို့က ပြုလုပ်ခဲ့ပြီး အိုလံပစ် ကျင်းပကွင်းနှင့် အခြေခံအဆောက်အအုံ တည်ဆောက်မှုများ၊ အစမ်းပွဲများပြု လုပ်ခြင်း၊ ပွဲစီစဉ်ခြင်း၊ ကျင်းပကွင်း လည်ပတ်ခြင်း၊ ပွဲစီစဉ်မှုဝန်ဆောင်မှု များ၊ ကြေညာမှုများ၊ ယဉ်ကျေးမှုလှုပ်ရှား မှုများ၊ ရေရှည်တည်တံမှုနှင့်အမွေအနှစ်၊ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်မှု အစရှိသည့် အခြေအနေတို့ကိုမိတ်ဆက် ခဲ့သည်။ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီဥက္ကဋ္ဌThomasBachက အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ နှင့် ဘေကျင်း ဆောင်းရာသီအိုလံပစ် ကော်မတီတို့အတူ အန္တရာယ်ကင်းသည့် ဆောင်းရာသီအိုလံပစ်ပွဲ ကျင်းပရေး အတွက် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ ဘေကျင်း ဆောင်းရာသီအိုလံပစ် ကြိုတင်ပြင်ဆင်နေမှုတွင် အလွန်မြင် သာ ထင်သာရှိသည့် ရလဒ်များရရှိထား ကြောင်း၊ အထူးသဖြင့် လူသန်း ၃၀ဝ ကို ရေခဲ၊ ဆီးနှင်းအားကစားတွင် ပါဝင်နိုင်အောင် လုပ်ဆောင်နိုင်မှု သည် ကမ္ဘာလုံးဆိုင်ရာ ဆောင်းရာသီ အိုလံပစ်စီမံကိန်းများတွင် မှတ်တိုင် တစ်ခုအဖြစ် တည်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဘေကျင်း ဆောင်း ရာသီ အိုလံပစ်ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ Juan Antonio Samaranch ကလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့စိန်ခေါ်မှု များကြားကပင် ဘေကျင်းဆောင်းရာသီ အိုလံပစ်အတွက် ပြင်ဆင်မှုများကို တစ် ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
                ရဲခေါင် (ref; Reuters)






အခြားဆက်စပ်သတင်းများ